16 w - Translate

ရန်ကုန်မြို့လယ်က ရွှေဆိုင် ဓ-ါးပြတိုက်ခံရပြီး ငွေကျပ် သိန်း (၅၀၀) နှင့် ရွှေပိဿာချီ ပါသွား

ရန်ကုန် ၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ လမ်း (၃ဝ)အလယ်ဘလောက်၊ အမှတ်(၁၁၀) ပထမထပ်တွင် ဖွင့်ထားသည့် " ရွှေချစ်သူ" အမည်ရှိ ရွှေဆိုင်အား အမျိုးသား (၃) ဦးမှ ဓ-ါးပြတိုက်လုယက်ခဲ့မှု ယနေ့ ဇန်နဝါရီ (၈) ရက် ၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။

အခင်းဖြစ်ပွားသည့် ရွှေဆိုင်သည် ပန်းဘဲတန်းမြို့နယ် ရဲစခန်းနှင့် မျက်စောင်းထိုးတွင်ရှိပြီး လူစည်ကားရာ ရန်ကုန်မြို့လယ်ခေါင်တွင် ဖွင့်လှစ်ထားသည့် ရွှေအတုံးအခဲများ အဓိက ရောင်းချသည့်ဆိုင်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ပန်းဘဲတန်းမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထားပြီး အသေးစိတ်အချက်အလက်များ စုံစမ်းနေဆဲဖြစ်ကြောင်း မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

" ဖြစ်စဉ်ကို အသေးစိတ် စုံစမ်းနေတုန်းပါ " ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

ယနေ့ နံနက် (၉) နာရီဝန်းကျင် ဆိုင်ဖွင့်ချိန်တွင် အမျိုးသား (၃) ဦး ရောက်ရှိလာကာ ‌ေ-သနတ်ပြ၍ ဓ-ါးပြတိုက်လု-ယက်သွားခြင်း ဖြစ်ကြောင်း အနီးအနား ဝန်းကျင်က ပြည်သူများကလည်း ပြောကြားကြသည်။

" ဖြစ်တာတော့ မနက်ပိုင်းကဖြစ်သွားတာ ၊ အတွင်းလူလို့လည်း ပြောသံကြားတာပဲ။ (၃) ယောက်လာပြီး ‌ေ-သနတ်နဲ့ ဆိုင်ကသူတွေကို အိမ်သာထဲ တံခါးပိတ်သွားတာ။ ငွေသား သိန်း ၅၀၀ နဲ့ ရွှေပိဿာချီ ပါသွားတယ်တဲ့ အဲဒီလောက်တော့ အကြမ်းဖျင်းသိရတာပဲ" ဟု ပန်းဘဲတန်းမြို့နယ်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ ရွှေဆိုင်မှတာဝန်ရှိသူများထံ မေးမြန်းကြည့်ရန် ကြိုးစားကြည့်သော်လည်း ရွှေဆိုင်မှာ တံခါးပိတ်သော့ခတ်ထားသဖြင့် မေးမြန်း၍ မရခဲ့ပေ။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းထံ ဆက်သွယ်မေးမြန်းကြည့်သော်လည်း ၎င်းတို့အနေဖြင့် မသိရှိကြောင်းသာ ရွှေအသင်းတာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေကြားခဲ့သည်။

image