16 w - Translate

ဆွန်ဟောင်မင်ကို စပါးအသင်း စာချုပ်သက်တမ်းတိုး
----------------------
စပါးအသင်းဟာ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ကို (၂၀၂၆)ခုနှစ်အထိ စာချုပ်သက်တမ်း တိုးနိုင်ခဲ့ပြီလို့ ဇန်နဝါရီလ(၇)ရက်နေ့မှာ ပရိသတ်တွေကို တရားဝင်ကြေညာခဲ့ပါတယ်။ ဆွန်ဟောင်မင်ဟာ စပါးအသင်းနဲ့ အခုဘောလုံးရာသီအပြီးမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပေမယ့် စာချုပ်ထဲမှာ (၁)နှစ်သက်တမ်းတိုးခွင့် ပါရှိတာကြောင့် စပါးအသင်းဘက်က စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့တာပါ။

အသက်(၃၂)နှစ်အရွယ်ရှိနေ ပြီဖြစ်တဲ့ ဆွန်ဟောင်မင်ဟာ စပါးအသင်းကို လေဗာကူဆင်အသင်းကနေ (၂၀၁၅) ခုနှစ်မှာ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းမှာ(၁၀)နှစ်ကြာ ကစားနေခဲ့တာဖြစ်ပါတယ်။ ဆွန်ဟောင်မင်ဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်တာကြောင့် အခုလိုစာချုပ်သက်တမ်းတိုးနိုင်ခဲ့တဲ့အပေါ် ပျော်ရွှင်မိတယ်လို့ နည်းပြ ပိုစတီကော့ဂလူက ပြောပါတယ်။

သူ့အနေနဲ့ ဆွန်ဟောင်မင်ကို စပါးအသင်းနဲ့အတူ ဆုဖလားတစ်လုံးရဖို့အတွက် မျှော်လင့်မိတယ်လို့လည်း နည်းပြ ပိုစတီကော့ဂလူက ပြောပါတယ်။ ဆွန်ဟောင်မင်ဟာ စပါးကစားသမားဘဝမှာ ပြိုင်ပွဲစုံ(၄၃၁)ပွဲအထိကစားထား ပြီး (၁၆၉) ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။

image