မုံရွာမြို့တွင် အိုးဝေမောင်းသူအမျိုးသားတစ်ဦး ဓားဒဏ်ရာ(၃) ချက်ဖြင့်သေဆုံး၊ ဖုန်းနှင့် ပိုက်ဆံအိတ် လုယက်ခံရ
ဇန်နဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းရင်းဆေးရုံလမ်းကြားတွင် မီနီအိုးဝေမောင်းသူအမျိုးသားတစ်ဦး ဓားဒဏ်ရာ (၃) ချက်ဖြင့် ဒဏ်ရာအပြင်းအထန်ရရှိသောကြောင့် ၎င်းကိုဒေသခံလူမှုကူညီရေးအသင်းမှ မုံရွာဆေးရုံသို့ ပို့ဆောင်စဉ် ဆေးရုံ၌သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၆ ရက်နေ့တွင် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ဘက်သို့ အိုးဝေငှားရန် လူတစ်စုမှ ငှားရမ်း သွားပြီး နေ့လည် ၃ နာရီအချိန်တွင် တိုင်းရင်းဆေးရုံလမ်းကြားထဲ၌ အိုးဝေမောင်းသူအမျိုးသားတစ်ဦး ဓားထိုးခံရကြောင်း ရပ်ကွက်နေပြည်သူများမှ အကြောင်းကြားသောကြောင့် ဖြစ်စဉ်နေရာသို့ ဒေသခံလူမှုကူ ညီရေးအသင်းမှ သွားရောက်ပြီး ထိုဒဏ်ရာပြင်းထန်ရရှိသည့် အမျိုးသားကို မုံရွာဆေးရုံသို့ ပို့ဆောင်စဉ် ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း သိရသည်။
“အိုးဝေဂိတ်က သိပ်အရမ်းကြီးမဟုတ်ဘူး။ မကြာသေးခင်ကဖွင့်ထားတဲ့ အိုးဝေဂိတ်။ အဲ့မှာ အိုးဝေလာငှားတော့ သူကလိုက်သွားတာ။ လုပ်သွားတဲ့သူတွေက အိုးဝေထားခဲ့တယ်။ ဖုန်းနဲ့ ပိုက်ဆံအိတ်ပဲ ယူသွားတာ” လို့ မုံရွာမြို့တွင် အိုးဝေမောင်းသူအမျိုးသားတစ်ဦးမှ ပြောသည်။
ထိုအိုးဝေမောင်းသူမှာ အသက်(၃၀) ဝန်းကျင်အရွယ် ကိုသီဟကျော်(ခ)ကိုမိုးညိုမှာ လည်ပင်း ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဂုတ်၁ ချက်၊ ဘယ်ဘက်ပုခုံး ၁ ချက် စုစုပေါင်း ဓားနဲ့ထိုးသွင်းဒဏ်ရာ ၃ ချက်တို့ရရှိခဲ့ကြောင်း သိရသည်။
Photo – Credit
#centralnewsnaypyitaw
