မြေးဦးလေးမို့ ရူးနေအောင်ချစ်ခံနေရတဲ့ အရာရာ 🥰🥰🥰
သရုပ်ဆောင် နေဝင်းနဲ့ ဘလော့ဂါမလေး အိမ့်ချစ်ချောတို့ရဲ့ သမီးဦးလေး အရာရာက ဘိုးဘိုးဘွားဘွားတို့ရဲ့ မြေးဦးလေးလည်းဖြစ်ခဲ့ပါတယ်။ တနေ့တခြားချစ်ဖို့ကောင်းလာတဲ့ မြေးလေး အရာရာကို ဘွားဘွားက မြေးဦးမို့ရူးနေအောင်ချစ်နေတဲ့အကြောင်း အိမ့်ချစ်ချောက ပြောထားတာပါ။ မကြာသေးခင်ကမှ အရာရာရဲ့ ၃ လပြည့်မွေးနေ့လေးကို ဘဲရုပ်လေးတွေနဲ့ဖန်တီးပေးခဲ့သေးတာပါ။
