16 ပတ် - ဘာသာပြန်ပါ။

မိမိကိုယ်ကို sensitive skin လို့ ခံယူထားရင်
ဒီစာကိုသေချာပေါက်ဖတ်ပါ 🫰🏻
လွန်ခဲ့တဲ့ ၃နှစ် air ဒီ blog တွေ စရေးဖြစ်တော့ အများဆုံးမေးကြတဲ့ မေးခွန်းက skin type ဘယ်လိုခွဲရမလဲဆိုတာဘဲ .. Basically normal, oily, dry, combination and sensitive ဆိုပြီးရှိတဲ့ထဲက ၁၀ယောက်မှာ ၇ယောက်လောက်က sensitive လို့ပဲ ရွေးကြတယ် ခုထက်ထိလည်း ကိုယ့်ကိုယ်ကိုယ် sensitive skin လို့ပဲ သတ်မှတ်ထားသူတွေ အရမ်းများတယ် ဘာလို့ဆို ထစ်ခနဲရှိ အဖုထွက်တာမျိုး၊ skincare အသစ်ပြောင်းသုံးရင် အဖုထွက်တာမျိုးကို sensitive skin ဖြစ်နေပြီလို့ တွေးလိုက်တာပေါ့နော်
တကယ်တော့ အဲ့ဒါနဲ့တင် sensitive skin လို့ပြောဖို့က မလုံလောက်ဘူး Sensitive ဖြစ်တယ်ဆိုတာကျ အသားအရေက ထိတွေ့မိသမျှအရာတိုင်းကို ပုံမှန်ထက်ပိုပြီး response လုပ်တာလို့ ဆိုရမယ် ဥပမာ-အပြင်ထွက်လို့ နေရောင် (or) အခြား pollution တစ်ခုခု တွေ့တာနဲ့ အသားက ချက်ချင်းရဲတက်လာတာ၊ ယားယံတာ၊ အဖုလေးထွက်လာတာမျိုးပေါ့ သုံးလက်စ skincare နဲ့မတည့်လို့ irritate ဖြစ်တာမျိုး၊ cell regeneration ကြောင့် purging ဖြစ်တာမျိုးက sensitive skin နဲ့ တိုက်ရိုက် မသက်ဆိုင်နေဘူး
အဲ့တော့ air ပြောခဲ့သလိုမျိုး ကိုယ့်အသားအရေက ပုံမှန်ထက် respond လုပ်နေပြီဆိုရင် sensitive skin ဖြစ်နိုင်ချေများလို့ ကိုယ့်ရဲ့ skincare routine ကို သေချာလေး manage လုပ်တတ်ဖို့လိုတယ် ကောင်းတာတွေချည်းပဲ အကုန်စုံပြုံသုံးဖို့ပြောတာ မဟုတ်ဘူးနော် ကိုယ့် skin sensitivity ကို clam down လုပ်ပေးနေမယ့် basement ကောင်းကောင်းလိုတယ် ..
Air ဆိုရင် ဒီနောက်ပိုင်း အသားအရေက တော်တော်လေး stable ဖြစ်လာတယ်လို့ ပြောရမယ် .. Skincare (active) အသစ်တွေလည်း စမ်းသုံးဖြစ်တယ်၊ ၁ပတ်၁ခါ wash off mask သုံးသလို၊ ၃ရက်ခြားတစ်ခုလောက် exfoliate လည်း လုပ်ဖြစ်တယ်၊ မိတ်ကပ်လည်း လိမ်းတယ်၊ ခရီးလည်း ထွက်တယ် ဒါတောင် အရင်ကလို severe acne မဖြစ်တော့တာကြာပြီ 🤭
အဆီဖုနဲ့ ရာသီဝက်ခြံလေးတွေတော့ ထွက်နေဆဲဆိုပေမယ့် ပျောက်တာမြန်တယ်၊ အမာရွတ်လည်း သိပ်မကျန်ဘူး အဓိက အသားအရေက ဟန်ချက်မပျက်သွားဘူး ကိုယ်ဂရုပြန်စိုက်ရင် စိုက်သလောက် result ပြန်ရတယ် အဲ့ဒါဘာလို့လဲဆိုတော့ basement ခိုင်လာလို့ 🫢 ကိုယ့်အကြောင်းကိုယ်သိထားတော့ ရေရှည်မှာ ပြဿနာလျော့သွားတယ် ဒီသဘောပဲ ..
Air လက်ရှိ calming skincare အနေနဲ့ Yoon Skin ရဲ့ mugwort essence လေး သုံးဖြစ်တာ ၂ဘူးမြောက်ကုန်ခါနီးပြီ တော်ရုံ အချိန်မရှိတဲ့နေ့ဆို toner/ essence/ serum အစား သူ့တစ်မျိုးတည်းကိုပဲ 3in 1 သုံးပြီး moisturizer ပဲလိုက်တယ်၊ ခရီးတွေဘာတွေ သွားရရင် spray mist အနေနဲ့ ဖြန်းဖို့ထည့်သွားတယ်၊ တစ်ခုခုနဲ့မတည့်လို့ irritate ဖြစ်ချင်လာပြီလို့ ခံစားရရင် cotton pad မှာထည့်ပြီး ကပ်ထားလိုက်တယ် ဘက်စုံသုံးပေါ့ 😹
Air ဒီ essence ကိုလေ ဒါနဲ့ဆို mention လုပ်တာ ၃ကြိမ်ရှိပြီ .. အဲ့လောက်ဆို သဘောပေါက်တော့နော် 🫢🤍
P.s founder အမကို အားလုံးသုံးနိုင်အောင် half-size လေး ထုတ်ပေးဖို့ ပူဆာထားတယ် 🫶🏻
သိပ်မသေချာသေးလို့ full size လိုချင်ရင် ခုဝယ်ထားတော့ စျေးကျနေတယ် 🙊
𝘠𝘰𝘶𝘳 𝘚𝘬𝘪𝘯 𝘚𝘪𝘴,
𝘈𝘪𝘳~
#crd

image