Khine Su Zin မျှဝေသည်။ ပို့စ်  
16 ပတ်

16 ပတ်

(၇)ရက် သား/သမီး အဟောများ
တနင်္ဂနွေသား/သမီး
လုပ်ငန်း၊စီးပွား အဆင်ပြေ၍ တိုးတက်မှုအချို့ကြုံမည်။ငွေကြေးပိုင်းတွင် ရစရာငွေအချို့ကြန့်ကြာနေတတ်မည်။ကျန်းမာရေး ပြဿနာအထူးမရှိပါ။အချစ်ရေးအမြင်မတူမှုအချို့ကြောင့် စကားများရတတ်သော်လည်း၊ပြဿနာမရှိနိုင်ပါ။အိမ်ထောင်ရေး ရန်ခိုက်ဒေါသမှ ကွဲကွာရသည်ထိဖြစ်တတ်မည်။ပညာရေးကံကောင်းနေပြီးနိုင်ငံခြားပညာသင်ခရီးပေါ်တတ်မည်။
ယတြာ... မွေးနေ့နံနက်တွင် ဘုရားတနင်္ဂနွေထောင့်တွင် အုန်း(၆)ညွန့် လှူဒါန်းပေးပါ။
-----
တနင်္လာ သား/သမီး
ငွေကြေး၊စီးပွားရေး အဆင်မပြေလုပ်ငန်းတုံ့ဆိုင်းမှုမျိုးကြုံရတတ်မည်။ကျန်းမာရေး အာရုံကြော၊အရိုး၊ အသည်း ရောဂါထဲမှ သတိပြုပါ။အချစ်ရေးအဆင်ပြေသာယာနေမည်။ချစ်သူနှင့် ခရီးယာယီသွားရတတ်မည်။အိမ်ထောင်ရေး ပုံမှန်အခြေအနေတွင်ရှိနေမည်။ပညာရေး ကြိုးစားသလောက် အောင်မြင်မှုရမည်။ဘာသာစကား၊နည်းပညာ တစ်ရပ် သင်ယူရတတ်မည်။
ယတြာ-- တနင်္လာနေ့ ညနေပိုင်း၌ ဘုရားမွေးနံထောင့်တွင်ယပ်အဝါရောင်(၁၂)လက်လှု၍ လိုရာဆုတောင်းပါ။
---
အင်္ဂါသား/သမီး
လုပ်ငန်းတွင် အထစ်အငေါ့များ ကြုံရတန်မည်။ငွေကြေးကံ ညံ့နေတတ်၍ ငွေကြေး ကြပ်တည်းနေတတ်မည်။ကျန်းမာရေး လေရောဂါ၊ဝမ်းကိုက်ခြင်း သတိပြုပါ။အချစ်ရေး အဆင်မပြေ မကြာခဏ စကားများနေရတတ်မည်။အိမ်ထောင်ရေးအဆင်ပြေနေတတ် သော်လည်းကြားလူနှေင့်ယှက်ခြင်းကြောင့် အထင်လွဲစရာကြုံရတတ်ခြင်း သတိပြုပါ။
ယတြာ-- အင်္ဂါနေ့ မွန်းလွဲပြီးနောက် ဘုရားမွေးနံထောင့်တွင် အလင်းတိုင်အနီရောင် (၈)တိုင် ထွန်းညှိပူဇော်ပေးပါ။
----
ဗုဒ္ဓဟူး သား/သမီး
လုပ်ငန်း/ငွေကြေး အဆင်ပြေတိုးတက်နေမည်။ငွေလုံးငွေ ရင်းတစ်ရပ် ဝင်လာတတ်မည်။ကျန်းမာရေး ကောင်းမွန်နေမည်။သို့သော် ခြေ၊လက် ထိခိုက်အနာတရဖြစ်ခြင်းမျိုး သတိပြုပါ။အချစ်ရေးတွင် ချစ်သူ၏ လှေနံနှစ်ဖက်နင်းခြင်းမျိုး ကြုံရတန်၍ စိတ်ပျက်ရတတ်မည်။အိမ်ထောင်ရေး အဆင်မပြေ၊ခေတ္တခဏ ခွဲနေရတတ်သည်ထိ ဖြစ်ရတတ်မည်။ပညာရေးတွင် အထူးအောင်မြင်၍ပညာရေးထောက်ပံ့ငွေမျိုး ရတတ်မည်။
ယတြာ-- ဗုဒ္ဓဟူးနေ့တွင် ဘုရားဗုဒ္ဓဟူးထောင့်တွင် ရေသန့်(၄)ဗူး အဖုံးဖွင့်၍ ကပ်လှူပေးပါ။
---
ကြာ သပတေး သား/သမီး
လုပ်ငန်းတွင် အတိုက်အခံအပြိုင်အဆိုင်များတတ်သော်လည်းအောင်မြင်တိုးတက်မှု ကြုံမည်။ငွေကြေးပိုင်းပေးဆပ်စရာများကြောင့် စိတ်ရှုပ်ရမည်။ကျန်းမာရေး တွင် ဆီးရောဂါ၊ကျောက်ကပ်ရောဂါ ၊အမျိုးသမီးများအတွက် သားအိမ်ရောဂါ၊
သတိပြုပါ။အချစ်ရေးပြဿနာအထူးမရှိပါ။သို့သော် စကားအမှားကြောင့် ချစ်သူ၏ စိတ်ကောက် အဆက်ဖြတ်မှု ယာယီကြုံရတတ်မည်။အိမ်ထောင်ရေး အဆင်မပြေ၊မကြခဏ စကားများနေရတန်မည်။ပညာရေးကံ သင့်သော်လည်းကြိုးစားလိုစိတ် ကင်းမဲ့နေတတ်မည်။
ယတြာ-- ကြာသပတေးနေ့ နံနက်ပိုင်းတွင် အိမ်ရှိဘုရားတွင် ပဲထမင်း ကပ်လှူပေးပါ။
----
သောကြာ သား/သမီး
လုပ်ငန်းပိုး တိုးတက်မှုမရှိ တုံ့ဆိုင်နေတတ်မည်။ငွေကြေးကံ အတက်အကျများနေမည်။ကျန်းမာရေးကောင်းမွန်နေတတ်သည်။သို့သော်ကားအက်စီးဒန့်သတိပြုပါ။အချစ်ရေးကံ ကောင်းမွန်နေမည်။ချစ်သူ၏ အကြိုက်ဆောင် အလိုက်သိမှုကြောင့် ပျော်ရွှင်ရမည်။အိမ်ထောင်ရေး အဆင်ပြေနေသော်လည်း အိမ်ထောင်ဖက် အလုပ်နေရာပြောင်း(transfer)ကြုံတတ်မည်။ပညာရေးကံ ကောင်းမွန်၍ ထူးချွန်စွာ အောင်မြင်တတ်မည်။
ယတြာ-- ဘုရား သောကြာထောင့်တွင် မွေးနေ့နံနက်ပိုင်း၌ရေသက်စေ့ သပ္ပာယ်ပေးပါ။
----
စနေ သား/သမီး
အလုပ်အဆင်မပြေ၍ ပြောင်းလဲ လုပ်ကိုင်ရန်ကြံစည်မိတတ်မည်။သို့သော် မပြောင်းသင့်ပေးပါ။ငွေကြေးကံ ညံ့တတ်၍ ရစရာများ ကြန့်ကြာတုံ့ဆိုင်းနေတတ်မည်။ကျန်းမာရေးတွင်အာရုံကြော၊နှလုံး၊အသည်း ရောဂါထဲမှ သတိပြုပါ။အချစ်ရေး အဆင်မပြေ လမ်ူခွဲရသည်ထိ ဖြစ်သွးနိုင်မည်။သတိပြုပါ။အိမ်ထောင်ရေး ကံ ကောင်းမွန်၍ အဆင်ပြေနေမည်။ပညာရေး အခက်အခဲကြုံရတတ်ပြီးပညာသင်ကြားမှု ယာယီ ရပ်တံ့သွားတတ်မည်။
ယတြာ-- ဘုရားစနေထောင့်တွင် မွန်တည့်ခါနီးအချိန်တွင်ဝါးတောင်ဝှေးတစ်ခု ထောင်လျှက် လှူထားပေးခဲ့ပါ။
---
ဆရာဝင်းမင်း(B.Sc)