16 w - Translate

ယွန်းဆော့ယိုးလ်ကို ခရိုင်တရားရုံး ဖမ်း၀ရမ်း ထပ်မံထုတ်ပြန်
------------------
စွပ်စွဲပြစ်တင်ခံရပြီး ရာထူးကနေ ဆိုင်းငံ့ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုးလ်ကို ခရိုင်တရားရုံး တစ်ရုံးက ဒုတိယအကြိမ် ဖမ်း၀ရမ်း ထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့အပတ်က ယွန်းဆော့ယိုးလ်ကို ဖမ်းဆီး ဖို့ စုံစမ်းစစ်ဆေးရေးမှူးတွေက ကြိုးပမ်းခဲ့ရာမှာ မအောင်မြင်ခဲ့ပြီးနောက် ဖမ်း၀ရမ်းထပ်မံထုတ်ပြန်ပြီး ဖမ်းဆီးနိုင် ရေး ကြိုးပမ်းလာတာပါ။

ဖမ်းဆီးဖို့ လာရောက်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို သမ္မတအိမ်တော် လုံခြုံရေးတပ်က ပိတ်ဆို့ဟန့်တားခဲ့လို့ ဖမ်း ဆီးရေး အားထုတ်မှု မအောင်မမြင် ဖြစ်ခဲ့တာပါ။ ယွန်းဟာ လွန်ခဲ့တဲ့လက မာရှယ်လော ကြေညာပြီး ပုန်ကုန်မှုကို ကြိုးကိုင်ခဲ့မှုစွဲချက်နဲ့ ရင်ဆိုင်နေရတာပါ။ မာရှယ်လောထုတ်ပြန်မှု မအောင်မြင်ဘဲ နာရီပိုင်းအတွင်း ပြန်ရုပ်သိမ်း ပြီးနောက်ပိုင်းမှာ နိုင်ငံရေးအရ ပြင်းထန်တဲ့ ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်နေရပေမဲ့ ယွန်းဟာ ရာထူးကနေ နုတ်ထွက် ဖို့ ငြင်းဆန် အာခံနေဆဲဖြစ်ပါတယ်။

ယွန်းကို ထောက်ခံသူတွေကလည်း ဆန္ဒဖော်ထုတ်စုရုံးမှုတွေ ဆက်လက်ရှိနေပြီး သမ္မတကို ကာကွယ်သွားမယ်လို့ ပြောနေပါတယ်။ သမ္မတအိမ်တော်မှာလည်း လုံခြုံရေးကို တိုးမြှင့်တင်းကျပ်ထားတယ်လို့ ဒေသတွင်း မီဒီယာတွေ က ဖော်ပြပါတယ်။ ယွန်းကို ဖမ်းဆီးရေးမှာ ပါဝင်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင်ကတော့ အခုထပ်လုပ်မဲ့ ဖမ်းဆီးရေး အားထုတ်မှုဟာ နောက်ဆုံး အားထုတ်မှုဖြစ်လိမ့်မယ်လို့ ပြောပါတယ်။

image