16 ပတ် - ဘာသာပြန်ပါ။

LA တောမီး အချိန်တိုအတွင်း ပြန့်ကားလာနေ
-----------------------
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့မှာ (၁၀)ဧကနီးပါးလောင် ကျွမ်းနေတဲ့ တော မီးဟာ နာရီပိုင်းအတွင်း ဧက (၃၀၀၀)နီးပါးအထိ ပြန့်ကား ကူးစက်လာတာကြောင့် အရေးပေါ်အခြေအနေ ထုတ် ပြန်ထားရပါတယ်။

အင်္ဂါနေ့ကစတင်တဲ့ အဲဒီတောမီးကြောင့် လူပေါင်း (၃၀၀၀၀)လောက်ကို နေရပ်ရွှေ့ပြောင်းဖို့ ညွှန်ကြားထားပြီး တော့ နေအိမ်အဆောက်အဦ (၁၃၀၀၀)လောက်ဟာလည်း မီးဘေးအန္တရာယ် ခြိမ်းခြောက်မှုအောက် ရောက်ရှိနေ တယ်လို့ လော့စ်အိန်ဂျယ်လိစ် မီးသတ်တပ်ဖွဲ့ အကြီးအကဲ ကရစ္စတင်း ခရောလေးက ပြောပါတယ်။ ထွက်ပေါ် လာတဲ့ ဗီဒီယိုမြင်ကွင်းတွေမှာ ပစိဖိတ် ပယ်လီဆိတ် ဧရိယာမှာ နေအိမ်တွေ မီးလောင်ကျွမ်းနေတာကို တွေ့ရပြီး မြို့ခံတွေဟာ မီးဘေးကနေ လွတ်မြောက်ဖို့ ကားတွေကို ထားခဲ့ပြီး ထွက်ပြေးနေကြတာကို တွေ့ရပါတယ်။

အဲဒီမီးဟာ အင်္ဂါနေ့ ဒေသစံတော်ချိန် မနက်(၁၀)နာရီခွဲလောက်မှာ စတင်လောင်ကျွမ်းခဲ့တာပြီး တစ်နာရီကို မိုင်(၅၀)နှုန်းနဲ့ တိုက်ခတ်တဲ့လေပြင်းနဲ့ ခြောက်သွေ့တဲ့ ရာသီဥတုအခြေအနေကြောင့် အချိန်တိုအတွင်း ပြန့်ကား ထွက်လာတာပါ။ အဲဒီမီးဘေးကြောင့် ကယ်လီဖိုးနီးယားပြည်နယ်အတွင်းက ဒေသခံ သန်းပေါင်း များစွာကို အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားရပါတယ်။

image