16 w - Translate

Toyotaရဲ့_တရုတ်နဲ့ထိုင်းကခြေလှမ်းများ
----------------------------------------------------------
Toyota ဟာ တရုတ် EV ဈေးကွက်ထဲ ယှဉ်ပြိုင်ဖို့အတွက် ၂၀၂၇ ကျရင်
ရှန်ဟိုင်းမှာ EV စက်ရုံအသစ်တည်ထောင်ဖို့ စီစဉ်နေပါတယ်။
ကာလကြာရှည်တည်ရှိပြီးသား ထိုင်းက သူ့ကားစက်ရုံတွေကိုလည်း
သမားရိုးကျအင်ဂျင်သုံးကားတွေကနေ ဟိုက်ဘရစ်ကားတွေ
ပြောင်းလဲထုတ်လုပ်ဖို့ ဘတ် ၅၅ ဘီလီယံ ရင်းနှီးမြှပ်နှံမယ်
ပြောထားပါတယ်။
Kyodo News အဆိုအရ တရုတ်မှာတည်မယ့် စက်ရုံဟာ
ဇိမ်ခံ Lexus တံဆိပ်အောက်မှာ EV တွေ ထုတ်လုပ်ဖို့ အာရုံစိုက်မှာပါ။
လက်ရှိ Toyota ဟာ တရုတ်နိုင်ငံမှာ RAV4 SUV နဲ့ bZ4X လျှပ်စစ်ကားအပါအဝင်
မော်ဒယ်အမျိုးမျိုးကို ထုတ်လုပ်နေပါတယ်- တရုတ် FAW အုပ်စု၊ Guangzhou အုပ်စုတို့နဲ့ ဖက်စပ်လုပ်ကိုင်နေပြီး အခုနှစ် ပထမနှစ်ဝက်အတွင်း ရောင်းအား ၁၁ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။
BYD လို ပြည်တွင်းထုတ်လုပ်သူတွေနဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကြား ခြောက်လအတွင်း
တရုတ်မှာ Toyota ကား စီးရေ ၇၈၅၀၀၀ ရောင်းချခဲ့ရပါတယ်။
တရုတ်ဟာ Toyota အတွက် အရေးကြီးသော စျေးကွက်တစ်ခု ဖြစ်နေတုန်းပါပဲ။
ထိုင်းမှာလည်း Toyota ကားထုတ်ခဲ့တာ နှစ်ပေါင်း ၆၀ ကျော်ပါပြီ။
အခု ထိုင်းက ထုတ်လုပ်မှုလိုင်းတွေမှာ ICE အင်ဂျင်တွေကနေ Hybrid တွေ အဆင့်မြှင့်ထုတ်ဖို့
ဘတ် ၅၅ ဘီလီယံ (ဒေါ်လာ ၁.၆ ဘီလီယံ) ရင်းနှီးမြုပ်နှံဦးမှာ ဖြစ်ပါတယ်
Crd

image