25 w - Translate

ကြော်ငြာရက်ထက် နောက်ကျဦးမယ့် GTA 6

GTA လို့ဆိုလိုက်တာနဲ့ လူငယ်တွေရော၊ လူလတ်ပိုင်းရောက်နေတဲ့လူတိုင်းအတွက် အမှတ်တရတွေအများကြီး ရှိမယ့် Games ဆိုတာ ငြင်းလို့မရပါဘူး။ လမ်းဘေးဂိမ်းဆိုင်မှာကစားခဲ့တဲ့အရွယ်ကနေ ကိုယ်ပိုင်ဂိမ်းစက်ဝယ်နိုင်တဲ့ အရွယ်အထိ ကျနော့်အတွက် ဂိမ်းကစားတိုင်း၊ ဂိမ်းစက်ဝယ်တိုင်း ကစားဖြစ်တဲ့ ဂိမ်းလည်းဖြစ်ပါတယ်။

GTA လို Open World ဖြစ်တာ၊ ကိုယ်လုပ်ချင်တဲ့ ပေါက်ကရတွေကို Virtual World မှာလုပ်ရတာလောက် ပျော်စရာကောင်းတာလည်း မရှိပါဘူး။ ဒါပေမယ့် GTA ဂိမ်းတွေအနေနဲ့ကလည်း တစ်ခုနဲ့တစ်ခုထွက်လာဖို့ဆိုတာ အကြာကြီးစောင့်ရတဲ့ အလေ့အထကလည်း ရှိတာမို့ စောင့်ရတာနဲ့တန်တဲ့ ဂိမ်းမို့လည်း ကြိုက်ကြတာလို့ထင်ပါတယ်။

အခုလည်း အရင်နှစ်ကုန်ပိုင်းတုန်းက GTA 6 Trailer ကိုထုတ်ပြပြီးတဲ့နောက် အရမ်း Hype ခဲ့ရပါတယ်။ ခုသတင်းကတော့ Rockstar အတွင်းပိုင်းက ထွက်လာတဲ့ အတွင်းသတင်းဖြစ်ပြီး Remote Developer တွေနဲ့ပတ်သက်လို့ အခက်အခဲတွေရှိနေတာမို့ 2025 မှာထွက်ဖို့ စီစဥ်ထားတဲ့ GTA 6 ဟာ 2025 နှစ်ကုန်ပိုင်း ဒါမှမဟုတ် 2026 ကိုတောင် ရွှေ့သွားနိုင်တဲ့ အခြေအနေရှိတယ်လို့ သတင်းတွေ ထွက်လာပါတယ်။

Rockstar ဖက်ကတော့ ဒီသတင်းနဲ့ပတ်သက်တဲ့ မေးမြန်းချက်တွေကို တရားဝင်တုံ့ပြန်ထားခြင်းမရှိသေးပါဘူး။

image