25 w - Translate

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ပိုင်ကျုံမြို့ မိကြောင်ရွာ အနောက် အစွန်ဆုံးက

တမိုလခီး ရေတံခွန်

ဘားအံမြို့ကနေ လာရင်တော့ ပိုင်ကျုံမြို့အထိကို ၁နာရီခန့် ကြာပါမယ်။ ပိုင်ကျုံ ကနေ မိကြောင်ရွာကို မိနစ် ၂၀ ခန့်ထပ်သွားရပြီး ရေတံခွန်အဝင်လမ်းအထိကို နောက်ထပ်မ််ိနစ် ၂၀ လောက် ထပ်သွားရပါမယ်။ လမ်းတွေကတော့ အသစ်ဖောက်လက်စ လမ်းတွေမို့လို့ လမ်းကြမ်းပါတယ်။ လမ်းတစ်ဝက် လမ်းတစ်နေရာလောက်ကနေ ချောင်းတစ်လျှောက် လမ်းဆင်းလျောက်ရမှာပါ။ လမ်းလျှောက်ချိန်ကတော့ ရေတံခွန်အထိ အရောက်ကို ၁နာရီခန့် လမ်းလျှောက်ရပါမယ်။ (လမ်းပြ နယ်ခံ လိုပါတယ်)

ရေတံခွန်ကိုရောက်ရင်တော့ မောပန်းသမျှတွေ အားလုံးကို ပြေပျောက်စေမှာပါ။ ရေတံခွန်တည်နေရာက ပတ်ပတ်လည် တောင်တွေ ဝိုင်းနေတဲ့ပုံစံမျိုးပါ။ ပတ်ပတ်လည် တောင်တွေဝိုင်းနေပြီး အလယ်မှာတော့ ကြည်စိမ်းနေတဲ့ ရေကန်ရှိပါတယ်။ ရေကတော့ တစ်နေရာကနေ ကျဆင်းနေတဲ့ပုံမျိုးပါ။

အခါအခွင့်ကြုံရင် ပိုင်ကျုံမြို့ မိကြောင်ရွာအနောက် အစွန်နားက တမိုလခီး ရေတံခွန်ကို သွားရောက်လည်ပတ်နိုင်အောင်လို့ ကျွန်တော်တို့ ဘားအံ ခရီးသွားမှ သွားရောက်လေ့လာ ရိုက်ကူး တင်ပြလိုက်ရပါတယ် ခင်ဗျာ။

image