25 w - Translate

Xiaomi EV ဘာတွေဖြစ်နေသလဲ

China Xiaomi က တစ်ကယ်စဥ်းစားကြည့်ရင် မရောင်းဖူးတာ ရှိသလောက်လို့ပြောလို့ရပါတယ်။ ကျွန်တော်မှတ်မိသလောက်ဆိုရင် Hair Dryer, Rice Cooker, အိမ်သာသုံးစက္ကူထိ ရောင်းဖူးပါတယ် ။ ခုလည်း Xiaomi ရဲ့ SU7 ကို March 28 တုန်းက စတင်မိတ်ဆက်ခဲ့ပြီး Pre Order တင်တဲ့သူ ၉ သောင်းထိရှိပြီး Test Drive လုပ်ချင်လို့ မနက် ၃ နာရီကတည်းက ထိုင်စောင့်နေတဲ့ သူရှိတဲ့အထိ Xiaomi SU7 က တရုတ်မှာ Hype တာပါ။

ခုတော့ Xiaomi SU7 တွေကို တရုတ်နိုင်ငံက လမ်းတွေပေါ်မှာမြင်လာရပြီးနောက်ပိုင်း ပြဿနာတက်တဲ့အကြောင်းတွေလည်း တစ်ခုပြီးတစ်ခု အင်တာနက်မှာမြင်လာရပါတယ်။ ကားမောင်းနေရင်း ထိန်းလို့မရတော့ပဲ လမ်းဘေးထိုးကျသွားတာ၊ Suspension ကျိုးသွားတာ၊ Software ပြဿနာတက်ပြီး ကားတိုက်တာအပြင်၊ အဆိုးဆုံးက BMW ကားကို ဝင်တိုက်တဲ့အထိ ပြဿနာတွေ ပေါင်းစုံမြင်လာရပါတယ်။

ဖေဖော်ဝါရီလတုန်းကလည်း နှင်းထဲမှာ SU7 ကိုချမောင်းပြီး စမ်းသပ်တဲ့အခါ ကားတိုက်သွားပြီး ကားမီးခွက်တစ်ခု စုတ်ပြတ်သွားတဲ့ သတင်းနဲ့ ဓာတ်ပုံတွေလည်း တက်လာခဲ့ပါသေးတယ်။

ဒီလိုသတင်းတွေတက်လာနေပေမယ့်လည်း တရုတ်နိုင်ငံမှာတော့ ယခုအချိန်ထိ Hype နေကြတုန်းဖြစ်သလို၊ ကားထုတ်မယ်ဆိုပြီး မထုတ်ဖြစ်တဲ့ Apple ထက်တော့ Xiaomi ကတစ်ကွက်သာသွားပြီဖြစ်ပါတယ်။

image