25 w - Translate

" ကျွန်တော်တို့ ခရိုအေးရှားအသင်း ရှုံးနိမ့်ခဲ့ပေမယ့် မက်ဆီနဲ့ ပြိုင်ဘက်အဖြစ် ကစားခွင့်ရတာကို ဝမ်းမြောက်မိပါတယ်။

ဒါဟာ တကယ့်ကို ခမ်းနားတဲ့ အတွေ့အကြုံပါပဲဗျာ..

တနေ့ကျရင် ကျွန်တော့် ကလေးတွေကို ဘောလုံးသမိုင်းမှာ အကောင်းဆုံး ကစားသမားနဲ့ ပြိုင်ဘက်အဖြစ် ကစားခဲ့ရတာကို ပြန်ပြောပြအုံးမှာပါ "

ဂဗာဒီအော (ခရိုအေးရှား နောက်ခံလူ)
...........

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ ခရိုအေးရှားဟာ အာဂျင်တီးနားကို သုံးဂိုးပြတ် နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ယောက်အဖြစ် သတ်မှတ် ခံထားရတဲ့ အသက် ၂၁ နှစ်အရွယ် ဂဗာဒီအောကို အသက် ၃၅ နှစ်ရှိပြီ ဖြစ်တဲ့ မက်ဆီက ဂိုးစည်းနားကပ်ပြီး တို့ဆိတ် လိမ်ခေါက် လှည့်စားပြီး ဂိုးဖန်တီးမှုဟာ ဘောလုံးသမိုင်းတလျှောက် ဂန္တဝင်အမြောက်ဆုံး အခိုက်အတန့် တခုအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။

ဒါပေမယ့် ကမ္ဘာ့အဆင့် လူငယ် ခံစစ်မှုး တစ်ယောက်ကို space လုံးဝ မရှိတဲ့ ဂိုးစည်းတွေနဲ့ ကပ်ပြီး ဘယ်လို ကျော်ဖြတ် လိမ်ခေါက် လှည့်စားသွားလဲ၊ ဘယ်လို နည်းနစ်တွေ မက်ဆီ သုံးသွားခဲ့လဲ ဆိုတာကိုတော့ ဘောလုံးကျွမ်းကျင်သုံးသပ်သူတွေ၊ မီဒီယာတွေနဲ့ ကစားသမား ဟောင်းကြီးတွေလည်း ခုချိန်ထိ ရှင်းပြနိုင်စွမ်းမရှိသေးပဲ ဖန်တီးလို့မရ ဖျက်ဆီးလို့မရ အဖြေမရှိတဲ့ ပဟေဠိ ပုဒ်စာ အဖြစ် ရှိနေဆဲပဲ ဖြစ်ပါတယ်။

နောက်နှစ် ၁၀၀ လောက်ကျရင် AI နည်းပညာတွေ အမြင့်ဆုံး ဖြစ်လာတဲ့အချိန်မှာတော့ မက်ဆီ ဂဗာဒီအောကို ဂိုးစည်းတွေနားမှာ ဘယ်လို လိမ်ခေါက် ကျော်ဖြတ်သွားလဲ ဆိုတာကို ၁% လောက်ဖြစ်ဖြစ် ရှင်းပြနိုင်ကောင်း ရှင်းပြနိုင်ပါလိမ့်မယ်။

image