ငါးနဲ့ကန်စွန်းရွက်ချဉ်ရေဟင်း
ကန်ဇွန်းရွက်ကိုချွေထားပါ။ ။ ကြက်သွန်နီဖြူကိုညက်အောင်ထောင်း ကန်စွန်းရွက်ထည့် ထောင်းထားတာထည့် ငပိစိမ်းစားထည့် ငရုတ်သီးအစိမ်းမှုန့် ငံပြာရည် အချိုမှုန့် ငရုတ်သီးစိမ်းထည့်ပြီးတည်ထား။ နွမ်းပြီဆိုမှ ရေထည့် နှစ်သက်ရာငါးကိုထည့် ပွက်ပွက်ဆူပြီဆိုမှ မန်ကျီးသီးအရည်ဖျော်ထားတာအရည်စစ်ထည့် ထပ်ဆူပြီဆိုမှ နံနံပင်လေးအုပ် ( နှစ်သက်သလို ) ရပြီနော်။
