25 w - Translate

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကို နိုင်ငံအလိုက် တက်ရောက်မှုအများဆုံး စပိန်ကလပ်များ

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သောကလပ်အသင်းများအား နိုင်ငံအလိုက် ခွဲခြမ်းစိတ်ဖြာကြည့်မည်ဆိုပါက စပိန်ကလပ်အသင်းများမှာ အကြိမ်အများဆုံးတက်ရောက်နိုင်ခဲ့ကြကြောင်း တွေ့ရမည်ဖြစ်သည်။(၁၉၉၂)ခုနှစ်က စတင်ခဲ့သော ချန်ပီယံလိဂ်ပြိုင်ပွဲကို စပိန်ကလပ်အသင်း(၁၃)သင်းက ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပြီး ယင်းထဲမှ အသင်း(၈)သင်းက ကွာတားဖိုင်နယ်အဆင့်သို့ စုစုပေါင်း(၈၈)ကြိမ်အထိ တက်ရောက်နိုင်ခဲ့ကြသည်။ဒုတိယနေရာတွင် အင်္ဂလန်ကလပ်အသင်းများရှိနေပြီး အင်္ဂလန်ကလပ်အသင်း(၁၀)သင်းအနက် (၈)သင်းက ကွာတားဖိုင်နယ်အဆင့်သို့ စုစုပေါင်း(၇၈)ကြိမ်အထိ တက်ရောက်နိုင်ခဲ့ကြသည်။ဂျာမနီကလပ်အသင်းများမှာ ချန်ပီယံလိဂ်တွင် နိုင်ငံအလိုက်အများဆုံးအဖြစ် (၁၅)သင်းအထိ ယှဉ်ပြိုင်ဖူးသော်လည်း ကွာတားဖိုင်နယ်အဆင့်သို့ ဂျာမန်ကလပ်(၇)သင်းသာ တက်ရောက်ဖူးပြီး စုစုပေါင်း(၇၂)ကြိမ် တက်ရောက်နိုင်ခဲ့ကြသည်။နောက်တွင် အီတလီကလပ်များက (၅၇)ကြိမ်၊ပြင်သစ်ကလပ်များက (၃၅)ကြိမ်၊ပေါ်တူဂီကလပ်များက (၂၉)ကြိမ်၊နယ်သာလန်ကလပ်များက (၂၅)ကြိမ်၊စကော့တလန်ကလပ်များက (၁၆)ကြိမ်၊ဘယ်လ်ဂျီယံကလပ်များက (၁၄)ကြိမ်၊ယူကရိန်းကလပ်များက (၁၁)ကြိမ် ဖြင့် အသီးသီးတက်ရောက်နိုင်ခဲ့ကြကြောင်း သိရသည်။

image