25 w - Translate

အရွယ်ရောက်လာရင်
ပျော်ရွှင်မှုတွေ တာရှည်မခံဘူး။
စိတ်ကို အလိုမလိုက်နိုင်ဘူး။
ပင်ပန်းနေရင်တောင် အတွေးများစွာနဲ့
အိပ်မပျော်တဲ့ညပေါင်းများစွာ။
ပျော်တာလား ဝမ်းနည်းတာလား ဝေခွဲရခက်။
ဘာအတွက် ရှင်သန်နေလဲ။
ပျောက်ကွယ်သွားချင်တဲ့ အခိုက်အတန့်။
ရင်ဘတ်ထဲ ငိုနေရင်တောင် ဘာမှမဖြစ်သလို
ဟန်ဆောင်ပြုံးရသေးတယ်။

ကိုယ်တို့ဟာ ကလေးဘဝတုန်းက လူကြီးမြန်မြန်ဖြစ်
ချင်လာပြီး လူကြီးဖြစ်လာတဲ့အခါ အပူအပင်ကင်းတဲ့
ကလေးဘဝကို ပြန်လည်လိုချင် လွမ်းဆွတ်ကြတယ်။
လူကြီးဖြစ်လာတာက ထင်သလောက် မပျော်မှန်း
သိလာခဲ့ပြီ။နှစ်ဆယ်ကျော်တာနဲ့ ပျော်ရွှင်မှုတွေ
နည်းပါးလာတဲ့သဘော။
အရွယ်ရောက်နေသူတိုင်းရဲ့နောက်ကွယ်မှာ
နာကျင်မှုတွေ ပုန်းလျှိုးနေတတ်တယ်။

image