25 w - Translate

တရုတ်ပြည်မကြီးနဲ့ မကာအိုကို ချိတ်ဆက်ပေးထားတဲ့ တံတားတစ်စင်း ရှိတယ်။ ကြာပန်းတံတားလို့ အမည်ပေးထားတဲ့ ဒီတံတားရဲ့ ထူးခြားချက်ကတော့ ဘယ်မောင်း၊ ညာမောင်း လမ်းစနစ်နှစ်ခု ပေါင်းဆုံရာနေရာ ဖြစ်နေတာပါပဲ။ တရုတ်ပြည်မကြီးမှာ ညာမောင်းစနစ်ဖြစ်ပြီး မကာအိုမှာတော့ ဘယ်မောင်းစနစ်ပါ။

တရုတ်ပြည်မကြီးကို ဦးတည်လာတဲ့ ယာဉ်မောင်းတွေက ဘယ်မောင်းကနေ ညာမောင်းစနစ်ကို ပြောင်းလဲရပြီး မကာအိုကို ဦးတည်လာတဲ့ ယာဉ်မောင်းတွေကတော့ ညာမောင်းကနေ ဘယ်မောင်းကို ပြောင်းလဲရတာပါ။ အဲဒီတံတားက အသွားတစ်လမ်း၊ အပြန်တစ်လမ်းဖြစ်ပြီး တစ်ဖက်ချင်းစီက သုံးလမ်းသွားပါ။

Ref: Lótus Bridge

image