26 w - Translate

ပေါင်မုန့်လိပ်ကြော်

-ပေါင်မုန့်အဖြူခြောက်ချပ်(ဘေးသားတွေလှီးပြီးဒလိမ့်တုံးဖြင့်ပြားအောင်လှိမ့်ထားပါ)

-Peanut butter အနည်းငယ်

-Cream cheese အနည်းငယ်

-စတော်ဗယ်ရီသီး အနေတော်လှီးထားပါ

-ငှက်ပျောသီးကိုတစ်စောင်းလေးတွေအနေတော်လှီးထားပါ

-ထောပတ်အနည်းငယ်

ပေါင်မုန့်စိမ်ရန်အတွက်

-ကြက်ဥနှစ်လုံး

-ဆားဇွန်းအဖျား

-နွားနို့ စားပွဲတင်ဇွန်း ၂ဇွန်း

-သစ်ကြမ်းပို့ခေါက်အမှုန့် ကော်ဖီဇွန်းတစ်ဝက်

တို့ကိုသမအောင်ခလောက်ထားပါ။

*စတော်ဗယ်ရီပေါင်မုန့်ကြက်ဥလိပ်အတွက်

ပေါင်မုန့်တစ်ဝက်ကိုcream cheese သုတ်စတော်ဗယ်ရီလေးတွေစီထည့်ပြီးလိပ်ပါ။

ပြီးလျှင်ကြက်ဥအရည်ထဲနှစ်ဒယ်အိုးပူပူမှာထောပတ်အနည်းငယ်ထည့်ပြီးမီးနည်းနည်းဖြင့်ကြော်ပါ။

image