26 w - Translate

အမြွှာအစ်မဖြစ်သူ သေဆုံးပြီး ၄ နှစ်အကြာမှာ အလားတူရောဂါမျိုးနဲ့ပဲ ကွယ်လွန်ခဲ့ရတဲ့ အင်ဒိုနီးရှားအဆိုတော်

အင်ဒိုနီးရှားအဆိုတော် မီလီသာ ဆီဒါဘူတာဟာ ဧပြီ ၈ ရက်နေ့က သေဆုံးသွားခဲ့ပါတယ်။ သူ သေဆုံးချိန်မှာ အသက် ၂၃ နှစ်ရှိပါပြီ။ ဒီသတင်းကို သူ့ရဲ့အေဂျင်စီ Impact Music Indonesia က ကြေညာခဲ့တာပါ။

မီလီသာနဲ့ သူ့ရဲ့အမြွှာအစ်မဖြစ်သူ မီလီရှာတို့ဟာ ၂၀၂၀ ခုနှစ်က Indonesian Idol အဆိုပြိုင်ပွဲ Season 11 မှာ ပါဝင်ခဲ့ပြီးနောက် နာမည်ကြီးလာခဲ့တာပါ။ ကံမကောင်းစွာနဲ့ပဲ မီလီရှာက အဲဒီနှစ်ကုန်ပိုင်းမှာ နှလုံးအမောဖောက်ပြီး သေဆုံးသွားခဲ့ပါတယ်။ သူ သေဆုံးချိန်မှာ အသက် ၁၉ နှစ်ပဲရှိပါသေးတယ်။

အစပိုင်းမှာ မီလီသာက ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုကြောင့် သေဆုံးခဲ့တယ်ဆိုတဲ့ ကောလဟာလတွေထွက်ပေါ်ခဲ့တာပါ။ ဒါပေမဲ့ မီလီသာဟာ နှလုံးစွမ်းဆောင်ရည်ကျဆင်းတဲ့လက္ခဏာတွေခံစားခဲ့ရပြီး ဘယ်လိုမှ ကယ်တင်လို့မရနိုင်တော့ဘဲ ဆေးရုံမှာပဲ သေဆုံးခဲ့တာဖြစ်တယ်လို့ သူ့ရဲ့အစ်ကိုဖြစ်သူက ရှင်းလင်းပြောဆိုခဲ့ပါတယ်။

မီလီသာတို့အမြွှာညီအစ်မက ၂ မိနစ်ခြားပြီး မွေးဖွားလာခဲ့တာပါ။ မီလီသာကိုလည်း ၄ နှစ်အကြာမှာ မီလီရှာလိုပဲ သေဆုံးသွားလိမ့်မယ်လို့ ဘယ်သူကမှမထင်ထားခဲ့ကြပါဘူး။ မီလီသာကို မီလီရှာနဲ့အတူတူ ဂူတစ်ခုတည်းထားရှိမှာဖြစ်ပါတယ်။

Ref: Indonesian Singer Melitha Sidabutar Dies At 23, Four Years After Her Twin Sister Died Of Similar Heart Problems

image