26 w - Translate

ရှလကာရည်ကို အဝတ်လျှော်စက်ထဲ ထည့်ခြင်းဖြင့် ရလာမယ့် အကျိုးကျေးဇူးများ
--------

အဖြူရောင်ရှလကာရည်ဟာ ပုံမှန်အားဖြင့်တော့ မီးဖိုချောင်သုံးပစ္စည်းတစ်ခုလို့ လူတွေက သိထားကြပါတယ်။ချက်ပြုတ်ရာမှာသာ အများဆုံး အသုံးပြုတဲ့ ပစ္စည်း တစ်ခုပါ။ဒါပေမယ့် အဖြူရောင်ရှလကာရည်မှာ တခြားအသုံးဝင်တာတွေရှိ ပါေ သးတယ်။ရှလကာရည်ကို သန့်ရှင်းရေးသုံးပစ္စည်းတစ်ခုအဖြစ်လည်း သုံးနိုင်ပါ တယ်။ဈေးမကြီးသလို စီးပွားရေးအရလည်း တွက်ချေကိုက်တဲ့ အဝတ်လျှော် ဆပ်ပြာမှုန့်တစ်ခုအဖြစ် ၎င်းကို အသုံးပြုလို့ရပါတယ်။ ။အဝတ်လျှော်စက်ထဲကို ရှလကာရည်ထည့်ပေးခြင်း အားဖြင့် ရလာမယ့် အကျိုးကျေးဇူးတွေကတော့..

(၁)အထည်သား တွေကို နူးညံ့စေ

နေအိမ်မှာ အသုံးပြုတဲ့ တဘက်တွေ၊မျက်နှာသုတ်ပဝါတွေဟာ အသုံးပြုတာကြာ လာရင် အစတွေထွက်တာ၊အမွှေးပွတွေပျောက်ပြီး ကြမ်းကုန်တာတွေဖြစ် တတ် ပါတယ်။ဒါကြောင့်ဝယ်ခါစ ကလိုပဲ နူးနူးညံ့ညံ့လေးဖြစ်ချင်တယ်ဆိုရင်တော့ လွယ်ပါတယ်။အထည်သား၊ရက်ထည်မျိုး ဖြစ်ဖို့ တော့လိုပါတယ်။ အဝတ်လျှော် စက်ထဲကို ရှလကာရည် လက်ဖက်ရည်ခွက်တစ်ခွက်၊ကိုင်းခွက်ရှိရင် ကိုင်းခွက် တစ်ခွက် (ပုံမှာပြထားတဲ့ ခွက်မျိုး)ထည့်ပြီး လျှော်ပေးလိုက်ပါ။အဲ့ဒါ ဆိုရင်ေ တာ့ နူးညံ့တဲ့ မျက်နှာသုတ်ပဝါ၊တဘက်တွေကို ရရှိပိုင် ဆိုင်နိုင်မှာဖြစ်ပါတယ်။

(၂)ဗက်တီးရီးယားကို သေစေ

သန့်စင်ထားတဲ့ အဖြူရောင်ရှလကာရည်ကို အကောင်းဆုံးပိုးသတ်ဆေးပါ။ဗက် တီးရီးယားတွေကို သေေစေပါတယ်။ဒါကြောင့် ညစ်ပတ်နေတယ်၊ပိုးမွှားတွေ ကပ်ငြိနေတယ်လို့ ထင်တဲ့ အဝတ်အစားတွေကို လျှော်ဖွပ်တဲ့ အခါမျိုးမှာ ရှလ ကာရည် တစ်ခွက်(သို့)နှစ်ခွက် ထည့်လျှော်ပေးနိုင်ပါတယ်။

(၃)အဝတ်အစားများ အရောင်မကျွတ်စေ

အရောင်ကျွတ်တတ်တဲ့ အဝတ်အစားတွေကို အဝတ်လျှော်စက်ထဲ မှာ လျှော်ရ တာဟာ အိမ်ရှင်မတွေအတွက် တကယ်ကို ဒုက္ခရောက်စေပါတယ်။ဒါကြောင့် အဝတ်အစားတွေအရောင်မကျွတ်ချင်ရင် ရှလကာရည်တစ်ခွက်ကို အဝတ်လျှော် စက်ထဲ ထည့်လျှော်ပေးပါ။တကယ်လို့ အရောင်အရမ်းကျွတ်တတ်တဲ့ အဝတ်အ စားမျိုးဖြစ်နေမယ်၊ဂျင်းဘောင်းဘီတွေအရောင်မကျွတ်ချင်ဘူး ဆိုရင်တော့ မေ လျှာ်ခင်၊ရှလကာရည်နဲ့ရေရောထားတဲ့ ရေထဲမှာ တစ်ညလောက် စိမ်ပေး ပြီး ေ နာက်နေ့ကျမှ လျှော်ပါ။ဒီနည်းအားဖြင့် အဝတ်အစား အရောင်ကျွတ်ခြင်း အရော င်လွင့်ခြင်းတွေကို သိသိသာသာလျော့ပါးသက် သာစေမှာပါ။

(၄)ညစ်ပတ်သွားတဲ့အဖြူရောင် အဝတ်အစားတွေကို ဖြူလာစေ

အကြောင်းမျိုးမျိုးကြောင့် ညစ်ပတ်သွားပြီး ညစ်ထေးထေးဖြစ်နေတဲ့ အဖြူရောင်အ ဝတ်အစားတွေ အရင်အတိုင်း ဖြူဖြူဖွေးဖွေး အဝတ်အစားဖြစ်လာအောင် လည်း ရှလကာရည်က စွမ်းဆောင်ပေးနိုင်ပါတယ်။အဖြူရောင်အဝတ်တွေ ညစ်ပတ်ေ နရင် ရှလကာရည်တစ်ခွက်(သို့)နှစ်ခွက်ထည့်ပြီး ပုံမှန်လျှော်ေ ပးပါ။ရေလက် ဖက်ရည်ခွက်ငါးခွက်လောက်နဲ့ရှလကာရည်နှစ်ခွက်လောက်ကို ရောပြီး မလျှော် ခင် တစ်ညလောက်စိမ်ပြီးမှ လျှော်ပေးပါက ဖြူဖွေးသစ်လွင်တဲ့ အဝတ်အစားတွေ ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

(၅)အနံ့ဆိုးတွေပျောက်စေ

အဝတ်အစားတွေမှာ ချွေးနံ့တွေနဲ့တခြားမကောင်းတဲ့ အနံ့အသက်တွေ နံ့နေ၊ စွဲနေခဲ့ရင်လည်း ရှလကာရည်ကိုအ သုံးပြုနိုင်ပါတယ်။ရှလကာရည် ကိုင်းခွက်ေ သးတစ်ခွက်(သို့)နှစ်ခွက်ကို ထည့်ပြီး လျှော်ပေးရမှာဖြစ်ပါတယ်။

(၆)အစွန်းအထင်းတွေကို ပျောက်စေ

အဝတ်အစားတွေမှာ တစ်ခုခုစွန်းထင်းသွားခဲ့ရင်လည်း ရှလကာရည်က ကူ ညီပေးနိုင်ပါတယ်။စွန်းထင်းသွားတဲ့ အဝတ်အစားတွေကို ရှလကာရည်ထဲမှာ မိနစ်အနည်းငယ်ကြာ စိမ်ထားပေးလိုက်ပါ။ပြီးရင်တော့ လျှော်ဖွပ်ပေးလိုက်ပါ။

(၇)အဝတ်လျှော်စက်ကို သန့်ရှင်းစေ

အဝတ်လျှော်စက်ကို သန့်ရှင်းတဲ့ အခါမှာလည်း ရှလကာရည်ကို အသုံးပြုနို င်ပါတယ်။အဝတ်လျှော်စက်ကို တစ်လမှာ တစ်ကြိမ်လောက် ရှလကာရည် နဲ့သန့်ရှင်းပေးလို့ရပါတယ်။အဲ့ဒီလို သန့်ရှင်းပေးခြင်းအားဖြင့် အဝတ်လျှော်စက်ရဲ့ အတွင်းပိုင်းကိုသန့်ရှင်းပေးနိုင်သလို၊ကြေးတွေ၊ရေအနည်တွေနဲ့ဆပ်ပြာအကြွင်းအကျန်တွေကို ဖယ်ရှား သန့်စင်ပေးနိုင်ပါတယ်။သန့်ရှင်းပုံကတော့ ရှကာရည် ကိုင်းခွက်သေးငါးခွက်နဲ့ရေကိုရောပြီး အဝတ်အစားဘာမှမထည့်ပဲနဲ့ ဒီအတိုင်း အဝတ်လျှော်စက်ထဲကို ထည့်ပြီး၊စက်ကိုဖွင့်ပေးရမှာဖြစ်ပါတယ်။

image