Game Of The Year 2024 ကို Astro Bot က ရရှိသွားပြီးနောက် ဝူခုန်းဂိမ်းရေးဆွဲသူ တွေ မျက်ရည်ကျတဲ့အထိ စိတ်ထိခိုက်သွားကြတယ်လို့ ဆိုပါတယ်။ Black Myth: Wukong ထုတ်လုပ်သူ ဖုန်ကျီကလည်း The Game Awards ရဲ့ Game of The Year ဆုရွေးချယ်မှုအပေါ် မေးခွန်းထုတ်ခဲ့ပါတယ်။
"ကျွန်တော် (ဒီပွဲကို) အလကားသက်သက် လာခဲ့ သလို ခံစားရတယ်။" လို့ ဖုန်ကျိက သူ့ Weibo လူမှု ကွန်ရက်ပေါ်မှာ ဖွင့်ဟခဲ့ပါတယ်။
fan တချို့ကလည်း Black Myth ဂိမ်း ဆုမရတဲ့ အပေါ် ဒေါသထွက်ခဲ့ပါတယ်။ ဩစတြေးလျက video game အကြောင်း ရေးသူ အာလာနက် ပီးယာ့စ်ကတော့ Game of The Year နဲ့ လွဲချော်လို့ အခုလို ပေါက်ကွဲ တာမျိုး မမြင်ဖူးဘူးလို့ ဆိုပါတယ်။ ဆုမရတဲ့အပေါ် စိတ်ပျက်တာ နားလည်နိုင်ပေမယ့် Game Awards ပွဲမှာ အခုလို ခံစားချက်တွေ ထွက်လာတာက ထူးဆန်းနေတာ ပါ။
Black Myth ကိုဆွဲခဲ့တဲ့ Game Science ရဲ့ CEO ဖုန်းကျိက အရင်နှစ်နှစ်ကတည်းက Game of The Year ဆုယူရင် ပြောမယ့်စကားတွေကို ကြိုရေးထားခဲ့တာ ပါ။ Wukong ဂိမ်းအနေနဲ့ Game Of The Year မရခဲ့ပေ ໑ Player's Choice Best Action Game ဆုတွေရခဲ့သလို ဆု ၅ဆုအတွက်လည်း ဆန်ကာတင် စာရင်းဝင် ခဲ့ပါတယ်။
စီးပွားရေးဘက်ကကြည့်ရင်လည်း Black Myth က အကြီးအကျယ်အောင်မြင်ခဲ့တာပါ။ ၃ ရက်အတွင်း ဂိမ်း ခွေပေါင်း ၁၀ သန်း နဲ့ တစ်လအတွင်း သန်း ၂ဝ ကျော် ရောင်းချနိုင်ခဲ့တာကြောင့် သမိုင်းတစ်လျှောက် အ ရောင်းသွက်ဆုံးဂိမ်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
လူကြီးမင်းတို့ကောဘယ်လိုမြင်ကြလဲဗျ။
Credit
