16 ပတ် - ဘာသာပြန်ပါ။

ခရစ္စမတ်နေ့ နိုင်ပွဲအများဆုံးကစားသမား ဂျိမ်းစ် ဖြစ်လာ
--------------------
အမေရိကန် NBA ဂန္ထဝင်ကစားသမား လီဘရွန်ဂျိမ်းစ်ဟာ ခရစ္စမတ်နေ့မှာ ကစားတဲ့ NBA ပွဲစဉ်မှာ နိုင်ပွဲအများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ LA လိတ်ကာအသင်းနဲ့ ဂိုးဒင်းစတိတ် ဝါရီယာအသင်းတို့ပွဲစဉ်မှာ လီဘရွန်ဂျိမ်းစ် ပါဝင်နေတဲ့ လိတ်ကာအသင်းက ၁၁၅ မှတ် - ၁၁၃ မှတ်နဲ့ အနိုင်ရခဲ့တာဖြစ်ပြီး အခုနိုင်ပွဲက အသက် ၃၉ နှစ် အရွယ် လီဘရွန်ဂျိမ်းစ်အတွက် ကစားသမားဘဝ ၁၁ ပွဲမြောက် ခရစ္စမတ်နေ့နိုင်ပွဲ ဖြစ်ခဲ့တာပါ။

လီဘရွန်ဂျိမ်းစ်ရဲ့ ကစားသမားဘဝ ခရစ္စမတ်နေ့ပွဲစဉ် ၁၉ ပွဲမှာ အခုလိုမျိုး ၁၁ ပွဲမြောက်နိုင်ပွဲကို ရယူနိုင်ခဲ့တာ ဖြစ်ပြီး လိတ်ကာ အသင်းဖော် ဝါဒီရဲ့ ခရစ္စမတ်နေ့ပွဲစဉ်နိုင်ပွဲအများဆုံး စံချိန်ကို ချိုးဖျက်ခဲ့တာ ဖြစ်ပါတယ်။ အခုပွဲစဉ်မှာလည်း ဂျိမ်းစ်က အကောင်းဆုံးလက်စွမ်းကို ပြသသွားနိုင်ခဲ့ပြီး လိတ်ကာအသင်းအတွက် ရမှတ် ၃၁ မှတ်အထိ ရယူပေး သွားနိုင်ခဲ့ပါတယ်။

နိုင်ပွဲရဖို့အတွက် နောက်ဆုံး စက္ကန့်အထိ ကြိုးစားခဲ့ရပေမယ့် ပွဲအပြီးမှာ နိုင်ပွဲရခဲ့သလို စံချိန်မှတ်တမ်းသစ်တစ်ခု ကိုလည်း ရေးထိုးနိုင်ခဲ့တဲ့အတွက် ကျေနပ်ပျော်ရွှင်မိပါတယ်လို့ ပွဲအပြီးမှာ လီဘရွန်ဂျိမ်းစ်က ပြောသွားခဲ့ပါတယ်။ အခုပွဲစဉ်မှာ လိတ်ကာအသင်းရဲ့ အားထားရတဲ့ ကစားသမား ဒေးဗစ်က ခြေကျင်းဝတ်ဒဏ်ရာ ရသွားခဲ့လို့ လာမယ့် ပွဲစဉ်တွေကို လွဲချော်ရဖွယ် ရှိနေပါတယ်။

image