မင်္ဂလာတောင်ညွှန့်မှာ (၅)ဦးနှင့်အထက် လူစုလူဝေးမပြုလုပ်ဖို့ ပုဒ်မ ၁၄၄ ထုတ်ပြန်
ဒီဇင်ဘာ ၂၇
ရန်ကုန်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ (၅)ဦးနှင့် (၅)ဦးအထက် ပိုပြီး လူစုလူဝေးမပြုလုပ်ဖို့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ပုဒ်မ ၁၄၄ အမိန့် ထုတ်ပြန် အသိပေးလာတာကိုတွေ့ရပါတယ်။
မြို့နယ်အတွင်းမှာ အများပြည်သူရဲ့ လုံခြုံရေးနဲ့ တရားဥပဒေ ပျက်ပြားအောင် လုပ်ဆောင်နေတာတွေ တွေ့ရှိနေ ရတဲ့အတွက် အခုလို အမိန့်ထုတ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီလို လူစုလူဝေး ကန့်သတ်မှုကို မြို့နယ်ထဲက လမ်းမကြီးတွေ၊ လမ်းသွယ်၊ လမ်းကြားတွေ၊ ဥယျာဥ် (သို့) အပန်းဖြေနေရာတွေမှာ မပြုလုပ်ကြဖို့ အမိန့်စာမှာပါရှိပါတယ်။
နံနက် (၁)နာရီကနေ နံနက် (၃) နာရီ အထိကို ညမထွက်အရအမိန့်ကို ထုတ်ဆင့်လိုက်ပြီး နောက်ထပ် အမိန့် ထုတ်ပြန်မှု မရှိမချင်း ယခုထုတ်ပြန်တဲ့ အမိန့် အတည်ဖြစ်နေမှာလို့ ဆိုပါတယ်။
#centralnewsnaypyitaw
