ရင်ထဲနစ်အောင်ငိုရပြီးတကယ်ကိုမှကောင်းတဲ့ဇာတ်ကားလေးပါ
Grave of the fireflies
ဆဲတိုနဲ့ဆဲဆုတို့မောင်နှမနဲ့ သူတို့အမေဟာ ဒုတိယကမ္ဘာစစ်ကြီးဖြစ်နေကြချိန် ဗုံးခိုကျဥ်းတွေတူးကြရင်း သူတို့အမေဟာ ဗုံးခိုရင်းဆုံးပါးသွားခဲ့ပါတယ်
တိုက်ပွဲမှာတိုက်နေရတဲ့သူတို့အဖေဟာလဲ ဘာအဆက်အသွယ်မှမရတော့ ခိုကိုးရာမဲ့နေတဲ့မောင်နှမနှစ်ယောက်ဟာ သူ့တို့အမေ့ညီမဝမ်းကွဲဖြစ်တဲ့ အဒေါ်အိမ်မှာ မှီခိုဖို့ရာ ရောက်လာခဲ့ကြပါတယ်..။
မောင်နှမနှစ်ယောက်ဆီက ပါလာတဲ့စားစရာတွေကုန်သွားတော့ အဒေါ်ဖြစ်သူက ငြိုငြင် ညူစူလာပါတော့တယ်.
အကိုဖြစ်သူက အပြောဆိုမခံချင်တာနဲ့လက်ထဲရှိတဲ့ပိုက်ဆံလေးနဲ့ လမ်းဘေးတစ်နေရာမှာ စားသောက်ရင်း အရင်က မိသားစုစုံစုံလင်လင်ရှိချိန်တွေပြန်စဥ်းစားကြရင်း ညမှောင်လာတဲ့အခါ ပိုးစုန်းကြူးလေးတွေဖမ်းပြီးကစားကြတယ်
ဒီလိုနဲ့နေလာကြရင်းစားစရာတွေမရှိကြတော့ချိန်သူတို့ ဘာဆက်ဖြစ်မလဲ..သူတို့အဖေနဲ့ရောပြန်ဆုံမှာလားဆိုတာ ဒီကားလေးမှာပဲ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါနော်...
#storymode
#crd
