အမှတ်တမဲ့ ဖုန်းနာရီကိုကြည့်တဲ့အခါ ဒီဂဏန်းလေးတွေ ခဏ ခဏ တွေ့ရင် သင့်ကို Angelတွေက တခုခုပြောချင်တာပါတဲ့။ (တမင်သက်သက်ထိုင်စောင့်ကြည့်လို့မရပါဘူးနော်)
ကဲ ဘာတွေပြောချင်နေတာလဲဆိုတာကို ကြည့်လိုက်ရအောင်
11:11
ဒါလေးကို မြင်လိုက်ရင်တော့ ဆုတစ်ခုချက်ချင်းတောင်းပါနော်၊ ဆုတောင်းနေစဉ် စိတ်ကြည်ကြည်လင်လင်ဖြစ်နေရင်ပိုကောင်းပါတယ်။ သင့်ဆုတောင်းတွေဖြစ်လာဖို့ Universeကသင်နဲ့တူတူ ကူညီလုပ်ကိုင်ပေးလိမ့်မယ်လို့ ပြောချင်တာပါ။ အဲ့ဒါကြောင့်မို့ ဖြစ်နိုင်တဲ့ ဆုကိုတောင်းလေ မြန်မြန်ရလေပါပဲ။ လီမင်ဟိုနဲ့ချစ်သူဖြစ်ပါရစေဆိုတာမျိုးတော့ မတောင်းနဲ့ပေါ့၊ (မင်မင်တောင်းဖူးတယ် မရပါဘူး😪)
12:12
ဒါလေးကိုမြင်ရင်တော့ သင့်မှာရှိနေတဲ့ negativityတွေအားလုံး ဖယ်ရှားသင့်နေပြီလို့ ပြောချင်နေတာပါနော်၊ သင့်ရဲ့ကံမကောင်းမှုတွေ၊ အတွေးဆိုးတွေကို ဖယ်ရှားတဲ့နေရာမှာ Universeကလည်း ပူးပေါင်း ပါဝင်ပေးမှာမို့ သင့်ဘက်က လွှတ်ချချင်စိတ်၊ releaseလုပ်ချင်စိတ်ရှိဖို့ပဲ လိုပါတယ်။
12:21
ဒါလေးကိုမြင်ရရင်တော့ သင့်ဆီကို အခွင့်အရေးအသစ်တွေ ဝင်ရောက်လာမယ့် တံခါးပွင့်သွားပြီလို့ ပြောချင်တာပါ။ မင်းအနေနဲ့ အခွင့်အရေးတွေကိုရောက်လာရင် အဆင်သင့်ဖြစ်အောင်သာ ပြင်ဆင်ထားပါနော်။
12:34
ဒါလေးကိုမြင်လိုက်ပြီဆိုရင်တော့ သင်လုပ်နေတဲ့အရာတွေအားလုံး တည်ငြိမ်မှုရှိလာတော့မယ်၊ မအောင်မြင်မှာ၊ကျရှုံးမှာတွေ မစိုးရိမ်ပါနဲ့တော့၊ လုပ်စရာရှိတာ ဆက်လုပ်၊ ရဲရဲသာလုပ်၊ ဒါလေးကပြောချင်တဲ့ Messageက အရှုံးမပေးနဲ့ ကြိုးစားးးးး (bananaအသံနဲ့ဖတ်)
1:11
ဒါလေးကိုမြင်ပြီဆိုရင်တော့ သင့်အနေနဲ့ တခုခုကို အသစ်ထပ်မံသိရှိတာ၊ သိမြင်တာ၊ တတ်မြောက်တာမျိုး ဖြစ်လာနိုင်တယ်။ ပိုကောင်းတဲ့ လမ်းကြောင်းတစ်ခုအပေါ်ရောက်အောင် Angelsတွေက လမ်းပြပါလိမ့်မယ်။ မင်းအနားမှာ Angelတွေရဲ့ အားအင်တွေအပြည့်ရှိတယ်လို့ ယုံကြည်ပေးနော်။
2:22/22:22
ဒါလေးကိုမြင်ပြီဆိုရင်တော့ သင့်အနေနဲ့ သင့်ရဲ့ relationshipအခြေအနေနဲ့ပတ်သက်ပြီး အာရုံပိုစိုက်သင့်နေပါပြီ၊ အရင်က ဂရုမစိုက်ခဲ့တာ၊ လျစ်လျူရှုခဲ့တာတွေ ရှိတယ်ဆိုရင် အဲ့လိုမလုပ်သင့်တော့ဘူးလို့ ပြောချင်တာပါ။ Relationshipဆိုတိုင်း ချစ်သူရည်းစားတွေပဲ ဂရုစိုက်ရမှာလို့ မဆိုလိုဘူးနော်၊ ကိုယ်နဲ့ပတ်သက်ဆက်နွယ်နေတဲ့ သူငယ်ချင်း၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက် အကုန်ပါပါတယ်နော်။
3:33
ဒါလေးကို မြင်ရင်တော့ သင့်ကို Angelတွေက လုံခြုံနေပြီ၊ သူတို့စောင့်ရှောက်ထားတယ်လို့ ပြောချင်တာပါနော်။ အဲ့ဒါကြောင့် စိတ်ထဲမှာ ကြောက်ရွံမှုတွေရှိရင် ဖယ်ရှားလိုက်ပါ။ ကိုယ်စတင်လုပ်ကိုင်ဖို့ ကြောက်နေတာ၊ မအောင်မြင်မှာစိုးထိတ်တာတွေရှိရင်လည်း မစိုးရိမ်ပါနဲ့တော့။
4:44
ဒါလေးကို မြင်ရင်တော့ သင့်အနားမှာ Angelsတွေရောက်နေပြီ၊ မင်းဖြစ်ချင်တာတွေ ဖြစ်လာတော့မယ်၊ အိပ်မက်တွေဖြစ်လာတော့မယ်လို့ ပြောချင်တာပါ။ မင်းအနေနဲ့ မင်းဖြစ်ချင်တာတွေကို သေချာလေး Focusလုပ်ပါ။ တကယ်ကို ဖြစ်လာပါလိမ့်မယ်။
5:55
ဒါလေးကို မြင်လိုက်ရင်တော့ ပြောင်းလဲမှုတွေ သင့်ဆီရောက်လာပြီလို့ ပြောချင်တာပါ။ မင်းဘဝကြီးမှာ major shiftဖြစ်နိုင်ချေရှိတယ်။ ဘယ်လိုပြောင်းလဲမှုပဲဖြစ်ဖြစ် လက်ခံနိုင်အောင် ကြိုးစားပါ။ ပစ္စုပ္ပန်မှာ တည့်တည့်နေပြီး အပြောင်းအလဲကို လက်ခံပါ။
10:10
ဒါလေးကိုမြင်လိုက်ရင်တော့ မင်းဆီကို အချစ်စစ်၊ ငွေကြေး၊ ပျော်ရွှင်မှုစတဲ့ မင်းဖြစ်ချင်တဲ့အရာတွေ ဦးတည်လာနေပြီလို့ ပြောချင်တာပါ။ မင်းအတွက် ပျော်စရာကောင်းတဲ့နေ့ရက်တွေ ရောက်လာတော့မယ်ဆိုတာကို အသိပေးနေတာပါကွယ်။
000
ဒါလေးကိုမြင်ရရင်တော့ မင်းရဲ့ရည်မှန်းချက်တွေ မကြာခင်ဖြစ်မြောက်တော့မယ်၊ မင်းလိုချင်တဲ့အရာ၊ ဖြစ်ချင်တဲ့အရာတွေကို သေချာအာရုံစိုက်ပါ။ မလိုအပ်တဲ့အရာ၊ မလိုချင်တဲ့အရာတွေကို ခေါင်းထဲကနေထုတ်ပလိုက်ပါလို့ ပြောချင်တာပါတဲ့ကွယ်။
ဘယ်ဂဏန်းလေးတွေအတွေ့များလဲ ကောမန့်ပေးသွားကြနော်🙆🏼♀️🙆🏼♀️
#crd
