မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးစ ကာလတွင် ရိုးရာလက်ဝှေ့သည် အမျိုးသားရေးလက္ခဏာ တစ်ခုအဖြစ် ပြန်လည် ဦးမော့ လာခဲ့သော်လည်း စနစ်တကျ နှင့် ပြိုင်ပွဲ များ မရှိသေး သလို မြေဝိုင်း ထိုးသတ်ခြင်း အဆင့်တွင် သာရပ်တန့် နေခဲ့သည်။ ထို့ကြောင့် မြန်မာ့လက်ဝှေ့ အား ပြည်သူများ ပြန်လည်စိတ်ဝင်စား အားပေးလာ စေရန်နှင့် စည်းစနစ်ကျစွာ အဆင့်မြင့်မြင့် ယှဉ်ပြိုင် နိုင်စေရန် အားထုတ်ခဲ့ကြ ရာတွင် ဆရာကျားဘငြိမ်း(ညိမ်း) မှာအထင်ရှားဆုံးဖြစ်သည်။
#oldburma
#ရှေးရှေးတုန်းကဗမာပြည်
#crd
