26 w - Translate

သင် ခေါ်နေသရွေ့ သင့်ကို ပြန်ခေါ်တယ်
သင် မခေါ်ရင် သင့်ကို မခေါ်ဘူး
အဲဒီလို လူမျိုးတွေက သင့်ကို
တကယ်ခင်တဲ့လူမျိုးတွေ မဟုတ်သေးဘူး။

သင် ကောင်းနေလို့ သင့်ကို ချစ်နေတယ်
သင် မကောင်းတော့ရင် သင့်ကို မချစ်တော့ဘူး
အဲဒီလို လူမျိုးတွေကလည်း သင့်ကို
တကယ်ချစ်တဲ့လူမျိုးတွေ မဟုတ်သေးဘူး။

သင် မခေါ်ပေမယ့် သင့်ကို လိုက်ခေါ်နေတဲ့လူမျိုး
သင် မကောင်းပေမယ့် သင့်ကို မြတ်နိုးနေတဲ့လူမျိုး
အဲ့ဒီလို လူမျိုးတွေကမှ သင့်ကို
တကယ်စိတ်ထဲရှိတဲ့လူမျိုးတွေ ဖြစ်တယ်။

တစ်ခါတလေ ခဏတစ်ဖြုတ်လောက်လေး
သင်နဲ့ ပတ်သက်တဲ့လူတွေကို စိမ်းကားကြည့်လိုက်ပါ။

သင့်ကို မဆက်သွယ်ဘဲ နေနိုင်တဲ့လူတွေက
သင့်ကို တကယ်စိတ်ထဲ မရှိတဲ့သူတွေဖြစ်ပြီး
“ဘာလို့ မဆက်သွယ်တာလဲ”ဆိုပြီး
ဒေါသထွက် ရန်တွေ့တတ်တဲ့လူတွေက
သင့်ကို တကယ် စိတ်ထဲရှိတဲ့လူတွေဆိုတာကို
သင် သိလာပါလိမ့်မယ်။

တစ်ခါတလေ ဘဝမှာ တစ်ချို့အလွဲအချော်တွေ
အမှားအယွင်းလေးတွေထဲကနေ
ကိုယ့်ဘဝရဲ့ မိတ်ဆွေစစ် လက်တွဲဖော်စစ်ကို
သင် ရှာဖွေတွေ့ရှိတတ်တယ် ။ ❤️