ထမင်းစားပြီးနောက် မလုပ်သင့်သည့် အန္တရာယ် (၈)ရပ်
(၁) ဆေးလိပ် မသောက်ပါနဲ့။
ထမင်းစားပြီးနောက် စီးကရက် ၁-လိပ်သောက်တာက သာမန်အချိန် စီးကရက် ၁၀-လိပ်သောက်ခြင်းနှင့် ညီမျှပြီး၊ ကင်ဆာ ရောဂါဖြစ်နိုင်ချေ အလားအလာပိုများကြောင်း ဆေးသိပ္ပံပညာရှင်များက သတိပေးထားပါတယ်။
(၂) သစ်သီးများ အလျင်စလို မစားပါနဲ့။
ထမင်စားပြီးနောက် အချိုပွဲ သစ်သီးစားခြင်းက မှားယွင်းသော အစဉ်အလာ တစ်ခုဖြစ်ပါတယ်။ အမှန်အားဖြင့် ထမင်းစားပြီးပြီးချင်း သစ်သီးစားခြင်းက လေပွစေပြီး၊ အစာအိမ် ကို ဘေးဥပါသ်ဖြစ်စေပါတယ်။
ဒါကြောင့် ထမင်းစားပြီး အနည်းဆုံး နာရီ၀က်ခန့် ကြာမှ သာ သစ်သီး စားသင့်ပါတယ်။
(၃) လ္ဘက်ရည် မသောက်ပါနဲ့။
လ္ဘက်ရည် အချိုခြောက် ထဲတွင် အက်ဆစ်ဓာတ် အမြောက်အများ ပါရှိပြီး၊အဲ့ဒီအက်စစ်ဓာတ်တွေက ထမင်း၊ဟင်းထဲမှာ ပါရှိတဲ့ ပရိုတင်းတွေကို အနှောင့်အယှက်ပေးပြီး အစာချေဖျက်မှု ကိုလည်း ဟန့်တားစေပါတယ်။
(၄) ခါးပတ်ကြိုး မလျော့ပါနဲ့။
ထမင်း စားပြီးပြီးချင်း ခါးပတ်ကြိုး (သို့မဟုတ်) ပုဆိုး၊ လုံချည်လျော့၀တ်ခြင်းက အူသိမ် အူမ တို့ကို လိမ်ခေါက်ပြ အူလမ်းကြောင်း ပိတ်ဆို့ခြင်းကို ဖြစ်စေပါတယ်။
(၅) ရေမချိုးပါနဲ့။
ထမင်းစားပြီးနောက် ရေချိုးခြင်းက လက်/ခြေထောက်နှင့် ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေ: လည်ပတ်စီးဆင်းမှုကို တိုးပွားလာပြီး၊ အစာအိမ်တဝိုက် သွေ:လည်ပတ် စီးဆင်းမှုကို လျော့ကျစေတာကြောင့် အစာအိမ်ကောင်းစွာ အလုပ် မလုပ်နိုင်တော့ပါဘူး။
(၆) အမြန် လမ်းမလျှောက်ပါနှင့်။
ထမင်းစားပြီးချင်း ခပ်သွက်သွက် လမ်းလျှောက်ခြင်း က ဗိုက်အောင့်စေတတ်ပြီး၊ ထမင်း ဟင်း ထဲမှပါ၀င်သော အာဟာရ စုပ်ယူရန် အတွက် အစာချေ စံနစ်ကို အနှောင့် အယှက်ဖြစ်စေတတ်ပါတယ်။ (ထမင်းစားပြီး ငြိမ်ငြိမ် ထိုင်နေရမည်လို့တော့ မဆိုလိုပါဘူး) ကျန်းမာရေး နဲ့ ညီညွတ်စေဖို့အတွက် ထမင်းစားပြီး အနည်းဆုံး ၁၅-မိနစ်ခန့် မတ်တပ် ရပ်နေပါ (သို့မဟုတ်) ဖြည်းဖြည်း မှန်မှန်လမ်းလျှောက်ပါ။
(၇) မအိပ်ပါနဲ့။
ထမင်းစားပြီး ချက်ချင်း လှဲအိပ်ခြင်းက အစာကောင်းစွာ မကျေညက်စေတော့ဘဲ၊ အစာအိမ်ရောဂါဖြစ်စေတဲ့ပြင်၊ အူ တွေ ကို ကူးစက်ရောဂါပို ၀င်စေပါတယ်။
(၈) အားကစား မလုပ်ပါနဲ့။
အားကစား မလုပ်ခင် အနည်းဆုံး နာရီ၀က် မှ အများဆုံး ၂-နာရီ ခန့်ကြိုတင်၍ ထမင်းစားထားပါ။ထမင်းစားပြီးပြီးချင်း အကြောဆွဲခြင်း (သို့မဟုတ်) ရုတ်တရက်နှလုံးခုန် ရပ်တန့်ခြင်း (သို့မဟုတ်) အသက်
သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။
#ကျန်းမာရေးဆိုင်ရာဗဟုသုတ
#credit
