26 w - Translate

အစကတော့ "ငါတို့ ချစ်တဲ့လူတွေကပဲ ငါတို့ကို နာကျင်အောင် လုပ်ရက်ကြပါလား"
ဆိုပြီး ဒေါသထွက်မိသေးတယ်

နောက်မှ ပြန်တွေးကြည့်တော့ "ငါတို့က ချစ်မိသွားလို့သာ အဲ့လူတွေလုပ်သမျှက နာကျင်နေရပါလား”လို့ သိလာရတယ်

ငါတို့သာမချစ်ရင် သူတို့မုန်းနေလဲ ဂရုမစိုက်ဘူး.... မကောင်းမြင်လဲရတယ်....မကောင်းပြောနေလဲ ဘာမှမဖြစ်ဘူး

ငါတို့တကယ်ချစ်မိသွားတဲ့အခါ....ထိုသူရဲ့ စကားလေးကြမ်းသွားတာက အစ ငါတို့အတွက်တော့ ကမ္ဘာပြိုသလိုပဲ

တကယ်တော့ ငါတို့စိတ်နဲ့ပဲဆိုင်တာ...လူတွေနဲ့မဆိုင်ဘူး....

ဒီလူတွေဟာ ဒီပုံစံအတိုင်း ဒီအကျင့်အတိုင်း သွားနေကြတာပါ

ငါတို့ကသာ သူတို့ကို ချစ်မိ/သံယောဇဉ်ပိုမိလို့
သူတို့ကြောင့် ခံစားနေရတာ

တကယ်တော့ သူတို့က လုပ်ရက်တာမဟုတ်ဘူး
ငါတို့က ချစ်မိသွားတာ.....

image