အမဲရိုးစွပ်ပြုတ် ချဉ်စပ်

သိပ်ပြီးရိုးရှင်းတဲ့ ချက်ပြုပုံစံနဲ့ချက်ထားပါတယ်
(ပုံနှင်တကွ စာပူးတွဲတင်ပေးထားပါတယ်)

အမဲနံရိုး 1 kg
ကိုရေပြောင်အောင်ဆေးထားပါ ပြီးနောက် တည်းမည့်အိုးထဲကိုရေ ၇ လီတာ ထည်ပြီး ဆူအောင်တည်ပါ

ရေဆူလျှင် ပုံတွင်ပြထားသည့် ဂျင်း / ကြက်သွန်မိတ် / ကြက်သွန်ဖြူ / နံနံစေ့ / ရှာလကာရည် ထည့်ပါ ပြီးနောက် အမဲရိုးတွေကိုထည့်ပါ ပြီးလျှင် ဆား / နနွမ်းမှုန့် နဲ့ ငရုပ်သီးမှုန့်ထည်ပြီး မီးအေးအေးနဲ့ ၄/၅ နာရီတည်ထားပါ
အချိန်ရရင် ပိုတည်ထားပါ ကြာကြာတည်ထားလေ ပိုကောင်လေပါပဲ
သံပရာသီး / ကြက်သွန်မိတ် / နံနံပင် / ငရုပ်သီးစိမ်း တွေကို ပံပါအတိုင်း လှီးပြီး
အမဲစွပ်ပူပူကို ပန်ကန်လုံးထဲထည့်ပြီး သံပရာသီး / ကြက်သွန်မိတ် / နံနံပင် / ငရုပ်သီးစိမ်း တို့ကို လိုသလိုထည့် စားနိူင်ပါပြီ

image