Part_7
မောင်သာနိုးဘာသာပြန်တဲ့ ဘောင်းဘီဝတ်မိုးတိမ်
ဒါကြောင့်မို့ ...
“ညရဲ့ ဒုက္ခထဲ မွေးဖွားလာခဲ့ပါပြီ
ကြီးမြတ်မှုအရာ
ဘုရားသခင်ကို တုပနိုင်တဲ့ စကားတစ်လုံးကို
မေ့သွားမှာ ကဗျာဆရာ စိုးသလိုမျိုး'
လို့ 'ဘောင်းဘီဝတ် မိုးတိမ် ́မှာ မာယာကော့ဖ်စကီး ရေးဖွဲ့ခဲ့တာဖြစ်တယ်။ ဒီဆောင်းပါးမှာ “ဘောင်းဘီဝတ် မိုးတိမ်’ရဲ့ ဘာသာပြန်သမိုင်းကို ငဲ့စောင်း ကြည့်ချင်သေးတယ်။ ၁၉၀၅၊ မာယာကော့ဖ်စကီး ရုရှားဘာသာနဲ့ရေးခဲ့တဲ့ “ဘောင်းဘီဝတ် မိုးတိမ်ကို ဟားဘတ်မာရှယ်က အင်္ဂလိပ်ဘာသာပြန်ဆိုပြီး ၁၉၄၂ အတွင်း အင်္ဂလန်မှာ ထုတ်ဝေခဲ့တယ်။ ဒီနောက် ၁၉၅၅ အိန္ဒိယနိုင်ငံမှာ ပုံနှိပ် ပြန်တယ်။
ဒေါရီယန်ရော့တင်ဘတ်ရဲ့ အင်္ဂလိပ်ဘာသာပြန်က ၁၉၇၂ မှာမှ ဆိုဗီယက် မှာ ထုတ်ဝေခဲ့တာဖြစ်တယ်။
မောင်သာနိုးရဲ့ မြန်မာဘာသာပြန်ကို (၁၉၆၉ ကတည်းက ပြန်ဆိုထားပေမဲ့) ပြင်ဆင်တည်းဖြတ် ထုတ်ဝေနိုင်တာက ၁၉၈၁ အတွင်းလို့ ဆိုတယ်။
ထုတ်ဝေမှုအပိုင်းမှာ ဟားဘတ်မာရှယ်နဲ့ ဒေါရီယန်ရော့တင်ဘတ်က နှစ် ပေါင်း ၃ဝ ကွာတယ်။
ဟားဘတ်မာရှယ်နဲ့ မောင်သာနိုးက နှစ်ပေါင်း ၄၀ နီးပါး။
ဒေါရီယန်ရော့တင်ဘတ်ရဲ့ အင်္ဂလိပ်ဘာသာပြန်ဟာ ဟားဘတ်မာရှယ်ရဲ့ အင်္ဂလိပ်ဘာသာပြန်ကို တချို့နေရာမှာ နည်းနည်းယူပါတယ်။ အထူးသဖြင့် အင်္ဂလိပ် စကားလုံး ရွေးချယ်သုံးနှုန်းရာမှာပါ။
*'Let the flags flutter in a fury of cannon-fire,
like in all respectable holiday-rites,
lamp-post raise yet higher
the bloody carcases of parasites.'
(ဟားဘတ်မာရှယ်ရဲ့ မူ)
*‘Lamp posts, come on hoist them higher, Shop-keepers' bloody in the fever of fire
as befitting proper holidays.'
(ဒေါရီယန်ရော့တင်ဘတ်ရဲ့ မူ)
*Flag, flutter, fury fire.
(ဟားဘတ်မာရှယ်ရဲ့မူ)
*Flag, flutter, fever fire.
(ဒေါရီယန်ရော့တင်ဘတ်ရဲ့ မူ)
မောင်သာနိုးကလည်း ဒီအပိုဒ်ကို ကြောင်းရေတူ၊ ကာရန်တူနဲ့ ကဗျာမှုပါ အောင် ဘာသာပြန်လိုက်ပါတယ်။ ဟားဘတ်မာရှယ်ရဲ့ cannon-fire ရော၊ ရောတင်ဘတ်ရဲ့ fever of fire ရော နှစ်ခုစလုံးပါနိုင်အောင် ကြိုးစားထားတာ တွေ့ ရတယ်။
#ဆက်ရန်ရှိ