သံဖြူဇရပ်မြို့ တည်ထောင်ခြင်း နှစ် (၁၅၀)ပြည့် အထိမ်းအမှတ်ပွဲ ၅ ရက်ကြာ ပြုလုပ်မည်

ဒီဇင်ဘာ ၂၇

သံဖြူဇရပ်မြို့ တည်ထောင်ခြင်း နှစ် (၁၅၀)ပြည့် အထိမ်းအမှတ်ပွဲကို သံဖြူဇရပ်မြို့လယ်ရှိ ပန်းခြံအတွင်း၌ ဒီဇင်ဘာလ ၂၇ ရက်မှ ၃၁ ရက်အထိ (၅) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။

အဆိုပါ သံဖြူဇရပ်မြို့တည်ထောင်ခြင်း နှစ် (၁၅၀)ပြည့် အထိမ်းအမှတ်ပွဲတွင် ပျော်ပွဲရွှင်ပွဲများအပြင် ဆွမ်းဆန်စိမ်းလောင်းလှူခြင်းကိုပါထည့်သွင်းကာ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် အဆိုပါ နှစ် (၁၅၀)ပြည့်အထိမ်းအမှတ်ပွဲအတွက် ပြင်ဆင်ခြင်းများ စတင်ဆောင်ရွက်နေပြီဖြစ်သလို ပွဲတော်ကျင်းပနေသည့် ကာလအတွင်း လုံခြုံရေး အပြည့်အဝ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

#centralnewsnaypyitaw

image