စက်ဘီးစီးလျက် TikTok ဆော့သူ ရထားတိုက် သေဆုံး
-----------------------------
ထိုင်းနိုင်ငံ ချူလာလောင်ကွန်တံတား မီးရထားဘူတာအနီးမှာ ဒီဇင်ဘာလ ၂၆ ရက်က အသက် ၅၁ နှစ်အရွယ် အင်္ဂလိပ်ကျူရှင်ဆရာတစ်ယောက်ဟာ TikTok ဆော့နေရင်း ရထားတိုက်မိကာ သေဆုံးသွားခဲ့တာကို Bangkok Post သတင်းမှာ ရေးသားထားပါတယ်။ သူဟာ စက်ဘီးနဲ့ ခရီးလှည့်လည်သွားလာနေတာဖြစ်ပြီး ခရီးသွားနေစဉ် အတွင်း TikTok ဆော့ရင်းနဲ့ အခုလို ရထားတိုက်မိပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။ ရထားတိုက်တဲ့အရှိန်က အလွန် ပြင်းတာကြောင့် သူ့ရဲ့အလောင်းဟာ သံလမ်းတစ်လျှောက် မီတာ ၁၀၀ ကျော် အဝေးကို ရောက်ရှိသွားတာ ဖြစ် ပါတယ်။ သူဟာ အွန်လိုင်း ပေါ်မှာစာသင်တဲ့ အင်္ဂလိပ်စာဆရာတစ်ယောက်ဖြစ်ပြီး သူဟာ စက်ဘီးစီးရင်းနဲ့ ခရီးသွားလာတာတွေကို မကြာခဏ မှတ်တမ်းတင်လေ့ရှိသူ ဖြစ်ပါတယ်။


