ကော်ဘီယန်ကို နည်းပြသစ်အဖြစ် ဗလန်စီယာ ခန့်အပ်
-------------------------
ရလဒ်ဆိုးတွေကြောင့် နည်းပြ ဘာရာဂျာကို ထုတ်ပယ်ထားတဲ့ ဗလန်စီယာအသင်းဟာ ဝက်စ်ဘရွန်းအသင်း နည်းပြ ကော်ဘီယန်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ အသက် ၄၁ နှစ်အရွယ် စပိန်လူမျိုးနည်းပြ ကော်ဘီယန်ကို ခေါ်ယူနိုင်ဖို့အတွက် ဗလန်စီယာအသင်းဟာ ဝက်စ်ဘရွန်းအသင်းကို စာချုပ်ဖျက်ကြေး ပေါင် ၃ သန်းနဲ့ ၄ သန်းကြားပေးလိုက်ရတယ်လို့ သိရပြီး ကော်ဘီယန်ဟာ ဗလန်စီယာအသင်းနဲ့ ၂၀၂၇ အထိ စာချုပ် ချုပ်ဆိုခဲ့တယ်လို့ ဆိုပါတယ်။
အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ပေးခဲ့တဲ့ ကော်ဘီယန်အနေနဲ့ အသင်း သစ်မှာ အောင်မြင်မှုတွေရဖို့ ဆုတောင်းပေးပါတယ်လို့ ဝက်စ်ဘရွန်းအသင်း ကြေညာချက်မှာ ရေးသားထားပါ တယ်။ ကော်ဘီယန်ကလည်း ဝက်စ်ဘရွန်းအသင်းကို စွန့်ခွာဖို့ ဆုံးဖြတ်ချက်က သူ့ဘဝမှာ အခက်ခဲဆုံး ဆုံးဖြတ် ချက်ဖြစ်ခဲ့တယ်လို့ လူမှုကွန် ရက်မှာ ရေးသားထားခဲ့ပါတယ်။
နည်းပြသစ်ရှာဖွေနေတဲ့ အချိန်အတွင်း ဝက်စ်ဘရွန်း အသင်းကို နည်းပြအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဘရန့်၊ အာဘီလာနဲ့ မိုင်ဟေးလ်တို့က ပူးတွဲတာဝန်ယူ သွားမှာဖြစ်ပါ တယ်။ ၂၀၂၂ အောက်တိုဘာမှာ ဝက်စ်ဘရွန်းအသင်းနည်းပြ ရာထူးကို ရယူခဲ့တဲ့ ကော်ဘီယန်ဟာ သူ့ရဲ့ ပထမဆုံး ရာသီမှာ ဝက်စ်ဘရွန်းအသင်းကို ချန်ပီယံရှစ် အဆင့်-၉ မှာ ရပ်တည်စေနိုင်ခဲ့သလို အခုရာသီမှာလည်း အဆင့်-၇ နေရာမှာ ရပ်တည်နိုင်အောင် ဦးဆောင်းပေးထားခဲ့သူ ဖြစ်ပါတယ်။
