ထိုင်းပြည်ပပို့ကုန်တန်ဖိုး မြင့်တက်နေသော်လည်း ကုန်သွယ်မှုလိုငွေ ရှိနေဆဲဖြစ်
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၆
ထိုင်းနိုင်ငံဟာ နိုဝင်ဘာလအတွင်း ပြည်ပပို့ကုန်တန်ဖိုး ဒေါ်လာ ၂၅.၆၁ ဘီလျံ (ဘတ် ၈၇၄.၈၄ ဘီလျံ) ရရှိပြီး အောက် တိုဘာလထက် ၈.၂% မြင့်တက်လာကြောင်း ကုန်သွယ်ရေးမူဝါဒနဲ့ မဟာဗျူဟာရုံး (TPSO) က ဒီဇင်ဘာ ၂၅ ရက်နေ့ (ဗုဒ္ဓဟူး) နေ့က ပြောပါတယ်။
ပြည်ပပို့ကုန်တန်ဖိုးဟာ နိုဝင်ဘာလအထိ တစ်ဆက်တည်း ငါးလဆက်တိုက်မြင့်တက်လာခဲ့တာဖြစ်ကြောင်း TPSO ညွှန် ကြားရေးမှူး ပွန်ပေါင်းနိုယာနာပါခွန်က သတင်းထောက်တွေကို ပြောပါတယ်။
ရေနံထွက်ပစ္စည်းတွေ၊ ရွှေနဲ့ စစ်လက်နက်ပစ္စည်းတွေ မပါဘဲ ပြည်ပပို့ကုန်တန်ဖိုးဟာ ပြီးခဲ့တဲ့လနဲ့ နှိုင်းယှဉ်ရင် ၇% မြင့် တက်လာခဲ့တာဖြစ်ပါတယ်။ ပြည်ပပို့ကုန်တန်ဖိုးမြင့်တက်ပေမဲ့လည်း သွင်းကုန်တန်ဖိုး ဒေါ်လာ ၂၅.၈၃ ဘီလျံရှိနေတဲ့အတွက် ထိုင်းနိုင်ငံအနေနဲ့ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၂၂၄.၄ သန်း ရှိနေဆဲဖြစ်ပါတယ်။
အခုနှစ် ပထမ ၁၁ လအတွင်း ထိုင်းနိုင်ငံရဲ့ စုစုပေါင်းပြည်ပပို့ကုန်တန်ဖိုးဟာ ဒေါ်လာ ၂၇၅.၇၆ ဘီလျံရှိပြီး ၂၀၂၃ ခုနှစ် ထက် ၅.၁% မြင့်တက်လာခဲ့ကြောင်း မစ္စတာပွန်ပေါင်းက ပြောပါတယ်။
တပြိုင်တည်းမှာပဲ သွင်းကုန်ကလည်း ဒေါ်လာ ၂၈၂.၀၃ ဘီလျံ ရှိတဲ့အတွက် အဲဒီကာလအတွင်း ကုန်သွယ်မှုလိုငွေ ဒေါ် လာ ၆.၂၇ ဘီလျံ ရှိပါတယ်။
နိုဝင်ဘာလအတွင်း လယ်ယာထွက်ကုန်နဲ့ လယ်ယာစက်မှုထွက်ကုန် ပြည်ပပို့ကုန် ၅.၇% မြင့်တက်ခဲ့သလို စက်မှု ထုတ်ကုန်တွေကလည်း ၉.၅% မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။
ဂျပန်၊ အာဆီယံနိုင်ငံများနဲ့ အမေရိကန်၊ တရုတ်၊ ဥရောပသမဂ္ဂနိုင်ငံများ၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ် တို့ပါဝင်တဲ့ CLMV အုပ်စုနိုင်ငံများအပါအဝင် အဓိကဈေးကွက်နိုင်ငံတွေကို တင်ပို့မှုဟာလည်း ၈.၃% မြင့်တက်ခဲ့ပါတယ်။
ဒီဇင်ဘာလအတွက် ပြည်ပပို့ကုန်တန်ဖိုးဟာ ဒေါ်လာ ၂၄.၃ ဘီလျံရှိမယ်လို့ ကုန်သွယ်ရေးမူဝါဒနဲ့ မဟာဗျူဟာရုံး (TPSO) က ခန့်မှန်းထားတဲ့အတွက် စုစုပေါင်း တစ်နှစ်လုံးပြည်ပပို့ကုန်တန်ဖိုး ဒေါ်လာ ဘီလျံ ၃၀၀ နီးပါးရှိလာမှာဖြစ် တဲ့အတွက် အခုနှစ်အတွင်း ၅.၂% မြင့်တက်လာမှာဖြစ်ပါတယ်။
ဒီပမာဏဟာ ပြည်ပပို့ကုန်တန်ဖိုး ဒေါ်လာ ၂၈၇.၄ ဘီလျံရှိခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းကတွက်ရင် အမြင့်ဆုံးနှုန်းထားဖြစ် တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့လည်း ကုန်သွယ်ရေးစစ်ပွဲတွေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ ပထဝီနိုင်ငံရေးဆိုင်ရာ တင်းမာမှုတွေကနေ ထွက်ပေါ်လာတဲ့ စီးပွားရေးမရေရာမှုတွေကြောင့် ၂၀၂၄ ခုနှစ်အတွင်း အလယ်အလတ်ပြည်ပပို့ကုန် တိုးတက်မှုနှုန်း ၂% ကနေ ၃% အတွင်းသာရရှိဖို့ မျှော်လင့်ထားတယ်လို့ မစ္စတာပွန်ပေါင်းက ပြောပါတယ်။
Ref: November marks 5th consecutive month of export growth for Thailand
#သတင်းဟင်းလေးအိုးကြီး
