ချစ်ခြင်း သုံးမျိုး ရှိတယ်။
ကိုယ်ဖြစ်စေချင်တဲ့အတိုင်း
ကိုယ်ချစ်စေချင်တဲ့အတိုင်းချည်း
ဖြစ်စေချင် ချစ်စေချင်တာ
အတ္တကြီးတဲ့အချစ်။
သူ့အပြစ် ကိုယ့်အပြစ်
သူ့အနာအဆာ ကိုယ့်အနာအဆာ
ညှိယူကြတယ် ၊ ဖြည့်တွေးကျတယ်ဆိုတာကျ
နားလည်တတ်တဲ့ အချစ်။
ဘာတွေဘယ်လိုပဲ ရှိခဲ့သည်ဖြစ်ပါစေ
သူ့ကောင်းခြင်း ဆိုးခြင်းကိုလည်း
အလိုလို သိရှိ ၊
ကိုယ့်ဗီဇ ကိုယ့်စရိုက်ကိုလည်း
ပြောမပြတောင် လက်ခံနေတာမျိုးကျ
မေတ္တာများတဲ့ အချစ်ပေါ့။
အတ္တချစ်က မခိုင်မြဲဘူး
တစ်ဖက်ဖက်က ချို့ယွင်းချက် ရှိလာရင်
တစ်နည်းမဟုတ် တစ်နည်း
ပြတ်တောက် သွားတတ်တယ်။
နားလည်တဲ့အချစ်လည်း
စိတ်မချရဘူး။
လူဟာ ကိုယ့်စိတ်ကိုတောင်
နားလည်ရခက်တာမို့
နားလည်မှု မပေးနိုင်တဲ့အခါကျ
အက်ရာတွေ ထင်လာတတ်တော့တာပဲ။
မေတ္တာချစ်ကတော့ အကောင်းဆုံး
တမင်လုပ်ယူနေရတာမဟုတ်တဲ့
မေတ္တာအကြင်နာ မျိုးလောက်
လောကဓံကို ခံနိုင်ရည်ရှိတာ မရှိပါဘူး။
ကိုယ်ဘယ်လိုအချစ်မျိုး
ပိုင်ဆိုင်ချင်တယ်ဆိုတာ
ဆုံးဖြတ်နိုင်ကြပါစေ။
ပြုပြင်နိုင်ကြပါစေ။
ဆုံးဖြတ်သမျှ ပြုပြင်သမျှတိုင်းလည်း
မေတ္တာချစ်ဆီ ဦးတည်နိုင်ကြပါစေ။ ။