ပြင်ဦးလွင် မြို့ရှောင်လမ်းမှာ ကားတစ်စီးမီးလောင်

ဒီဇင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ မြို့ရှောင်လမ်း၊ မိုင်တိုင် (၉/၈) နဲ့ (၁၀) ကြားမှာ ဒီကနေ့ ဒီဇင်ဘာ ၂၆ ရက်၊ နေ့လည် ၁ နာရီ ၉ မိနစ်အချိန်က လိုက်ထရပ် ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

အဆိုပါ ကားမီးလောင်မှုဖြစ်ပွားရာသို့ ပြင်ဦးလွင်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နေ့လည် ၁ နာရီ ၁၉ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့သည်ဟုဆိုသည်။

လက်ရှိတွင် ကားမီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့် ဆုံးရှုံးမှုအခြေအနေတို့ကို တာဝန်ရှိသူများက စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

#centralnewsnaypyitaw

image
image
image