ယခုခါမှာတော့ Sawရုပ်ရှင်ကြီးရဲ့ ၁၀ကားမြောက်ဖြစ်တဲ့ Saw Xဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါမယ်နော်။
Sawရုပ်ရှင်တွေဟာအထူးတလည်မိတ်ဆက်ပေးစရာမလိုအောင်ပင် ရုပ်ရှင်လောကာမှာ အများနဲ့မတူတဲ့ ဇာတ်အိမ်တခုဖြင့် ထိုးဖောက်အောင်မြင်နေတာ ယနေ့ထိတိုင်ပါဘဲ။
ယခုအခါမှာလဲ Saw Xဟာဆိုရင် Saw 2004 နဲ့ 2005 ကြား ကာလကို ပြသထားပြီး နာမည်ကျော်ဂျပ်ဆော လူသတ်သမားကြီးဂျွန်ခရာမာကို ဇာတ်လိုက်အဖြစ် ပထမဆုံးမြင်တွေ့ရမှာဘဲဖြစ်ပါတယ်။
ကဲဒါဆို ဇာတ်လမ်းလေးအကြောင်းညွှန်းပေးလိုက်တော့မယ်…..
ဇာတ်လမ်းအကျဉ်း… ဂျစ်ဆောလူသတ်သမားကြီး ဂျွန်ခရာမာဟာ ပန်ကရိယကင်ဆာ အဆင့်-၄ ကြောင့် ဆရာဝန်တွေပါလက်လျှော့လိုက်ရပါတယ်, ဒါပေမဲ့ မက္ကဆီကိုမှာ ရှိနေတဲ့ ဆရာဝန်တစ်စုက နောက်ဆုံးပေါ်ကုထုံးနဲ့ ကုပေးမယ်ဆိုပြီးလိမ်ခေါ်ကာသူ့ငွေတွေကို လိမ်သွားပါတယ်။ ဂျစ်ဆောကိုမှ လှည်းစားမိတဲ့ ဆရာဝန်လူလိမ်တစ်သိုက်လည်း ဂျစ်ဆောနဲ့သူ့လက်ထောက် အမန်ဒါတို ပညာပြန်ပေးတာကို ခံရပါတော့တာဘဲ။ Saw ဇာတ်ကားတွေအရသွေးသံတရဲရဲနဲ့ဘယ်လို ထောက်ချောက်တွေဆင်ပြီး ဘယ်လိုgame မျိုးတွေဆော့ခိုင်းမလဲဆိုတာ ကြည့်ရှူ့ကြည့်ပါအုံးနော်
#horrormovie
#as
