16 w - Translate

၁၁ မျဉ်းစောင်းတွေကို ကားလက်မှတ် မရောင်းရဘူးလို့ ယာဉ်လိုင်းတခုမှ ကြေငြာထားတဲ့ သတင်းတခု ပြန့်နေပါတယ်။ ‌အခုလို ကြေငြာထားတာပါ။
အရောင်းကိုယ်စားလှယ်ကြီးများ မင်္ဂလာပါ။ အရေးကြီးတဲ့ အချက်အလက်တွေ ကြေညာပေးချင်လို့ပါရှင်။
တောင်ကြီးသို့ လာမည့် ခရီးသည်များကို လက်မှတ်ရောင်းမည်ဆိုပါက ၁၁ မျဉ်းစောင်း မှတ်ပုံတင် ကိုင်ဆောင်သူဆို လုံးဝ ရောင်းလို့ မရသလို ကားပေါ်ပါလာရင်လည်း ကားပါ ဖ-မ်-းပါမည်။
၅ မျဉ်းစောင်းနှင့် ၁၃ မျဉ်းစောင်း လရန (လားရှိုး၊ ကျောက်မဲ) မှတ်ပုံတင်ကိုင်ဆောင်သူများ ကားစီးမည်ဆိုပါက ခရီးသွားထောက်ခံစာ (ရပ်ကွက်၊ ရဲစခန်း) ပါမှသာ လက်မှတ်ရောင်းပြီး ကားပေါ်တင်လို့ ရမည်ဖြစ်ကြောင်းကို အသိပေး အကြောင်းကြားအပ်ပါသည်။
အရောင်းကိုယ်စားလှယ်ကြီးများနှင့်အတူတကွ ခရီးသည်တို့၏ ခရီးစဉ်တောက်လျှောက် အဆင်ပြေချောမွေ့စေဖို့ ကူညီဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ရှင့်။
#ကားလက်မှတ်
#မှတ်ပုံတင်
#crd_photo

image