16 w - Translate

လေယာဉ်လက်မှတ်ခ ၄၅ ကျပ်နှင့် မိုးရွာလျှင် ထီးဆောင်းရတဲ့ တချိန်က သံစုံလေယာဉ်
ပုံကတော့ ၁၉၅၅ ခုနှစ်ဝန်းကျင် ဟဲဟိုးလေယာဉ်ကွင်းမှ မြန်မာအမျိုးသမီးလေးများကို Dakota လေယာဉ်နှင့်အတူ တွေ့ရတဲ့ပုံ ဖြစ်ပါတယ်။
ထိုခေတ်ကာလက မန္တလေး ဟဲဟိုး ခရီးစဉ်ကို လေယာဉ်လက်မှတ်ခ ၄၅ ကျပ်ပေးရသည်။ လေယာဉ်ပေါ်တွင် ရှားမီးသကြားလုံးနှင့် ငှက်ပျောသီးပဲ ရပါသည်။
လေယာဉ်သံဆူလွန်း၍ နားကို ဝါဂွမ်းဆို့ စီးရသောကြောင့် သံစုံလေယာဉ်ဟု ခေါ်သေးသည်။ မိုးရွာသည့်အခါ မိုးယို၍ ထီးဆောင်းရသေးသည်။
Dal Shan Mung
#သံစုံလေယာဉ်
#crd_photo

image