သံတိုသံစ အဟောင်းတွေကြားထဲ ကွယ်ဝှက်တင်ဆောင်လာတဲ့ မူးယစ်ဆေးပါတဲ့ သေတ္တာတွေကို X – Ray ဂိတ်မှာ ဖမ်းဆီးရမိ

ဒီဇင်ဘာ ၂၆

သံတိုသံစ အဟောင်းတွေကြားထဲ ကွယ်ဝှက်တင်ဆောင်လာတဲ့ မူးယစ်ဆေး၀ါး သေတ္တာတွေကို ကျွဲတပ်ဆုံ X-Ray စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၉ ရက်နေ့က တောင်ကြီးဘက်ကနေ သာစည်ဘက်ကို မောင်းနှင်လာတဲ့ Toyota Dyna အမျိုးအစား (၆)ဘီးယာဉ်ဟာ X-Ray စက်မှာ ဖြတ်သန်းစဉ် သံတိုသံစ အဟောင်းတွေကြားထဲမှာ သံသေတ္တာ (၆)လုံးကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ သံသေတ္တာတွေကို စစ်ဆေးရာမှာတော့ သေတ္တာ (၁) လုံးခြင်းစီမှာ WY စာတန်းပါ ပန်းရောင်ဆေးပြား (၁၀၀၀၀) စီပါတဲ့ အထုတ်ကြီး (၁၁၂) ထုတ်စီထည့်လာတဲ့ သေတ္တာ (၄)လုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

သံသေတ္တာ (၁)လုံးထဲမှာတော့ WY စာတန်းပါ ပန်းရောင်ဆေးပြား (၁၀၀၀၀) စီပါတဲ့ အထုတ်ကြီး (၇၅)ထုတ်နဲ့ ICE (ဖက်အဖီတမင်း) လို့ယူဆရတဲ့ အဖြူရောင်ပုံဆောင်ခဲ့ (၁)ကီလိုဂရမ်လောက်ပါတဲ့ အထုတ် (၃၀) Happy Water လို့ယူဆရတဲ့ အညိုရောင်အမှုန် (၁၀) ဂရမ်လောက်ပါတဲ့ (၂၇)ထုတ်နဲ့ (၁)ထုတ်ကို (၂၅) ဂရမ်ပါတဲ့ (၉၆)ထုတ်ကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါအပြင် သံသေတ္တာ (၁)လုံးအတွင်းမှာ‌တော့ ICE (ဖက်အဖီတမင်း)လို့ ယူဆရတဲ့ အဖြူရောင်ပုံဆောင်ခဲ (၁) ကီလိုဂရမ်လောက်ပါတဲ့ အထုတ်ကြီး (၁၄၀)ထုတ် ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ယာဥ်မောင်းအပါအဝင် သယ်ဆောင်လာသူ (၄)ဦးကို သက်ဆိုင်ရာနယ်မြေရဲစခန်းမှာ အမှုဖွင့် စစ်ဆေးနေပြီး ကွင်းဆက်တရားခံတွေ ဆက်လက် ဖမ်းဆီးရမိရေးအတွက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

image