~~~ အမှတ်တရ ~~~ { ၈ }
ဂျူး
ကျွန်မ မောင့်အိမ်မှာ တည်းခိုမှန်း မသိစေလိုပါ။
“မရဘူး လိုက်မှာပဲ ၊ နင်ဘယ်တုန်းကများ ငါ့ကို နိုင်အောင် ငြင်းနိုင်ဖူးလို့လဲ”
မောင့်လေသံက ပိုင်စိုးပိုင်နင်းပေမယ့် ကျွန်မရင်ထဲ နွေးထွေးသွားရုံသာ ဖြစ်၏။ အနည်းငယ်မျှ ဒေါသမထွက်ရက်ပါ။
“မောင်တို့ ကလေးရပြီလား”
မောင် ချက်ချင်း မျက်နှာပျက်သွားတာ မြင်တော့မှ ကျွန်မ အားနာသွား၏။မောင်နှင့် ကျွန်မသည် တစ်ဦး ခြေလှမ်း တစ်ဦး ရိပ်မိနေသော လက်ဝှေ့သမားလိုပါပဲ။
“အခုမှ နှစ်နှစ်လောက်ရှိသေးတာ ဘယ်ရဦးမလဲ ၊ စကားမလွှဲပါနဲ့ ။ ဘာလဲ နင့်အတွဲကို ငါ မြင်သွားမှာစိုးလို့ မလိုက်စေချင်တာလား”
ကျွန်မ မဖြေပါ။ ထမင်းဟင်းကိုသာ သဲသဲ မဲမဲ စားနေမိ၏။ မောင်က စပါကလင် ပုလင်းကို လှည့်ပတ်ကြည့်နေရင်း မျက်နှာ ညိုနေသည်။
" အင်းပေါ့လေ ချစ်မှာလည်း လက်တွဲရမည့်သူ ရှိနေရောပေါ့ ။ အဲဒီသူက ဘယ်သူလဲ ။ ဘယ်ကလဲ။ မောင်နဲ့ သိလား ။ မောင်တို့ကျောင်းကပဲလား "
ကျွန်မ အနည်းငယ် ခံပြင်းစွာ မော့ကြည့်လိုက်မိ၏။
“တစ်ယောက်နဲ့တင် လုံလောက်ပါပြီ မောင် ။ အချစ်တွေ အိမ်ထောင်ရေးတွေကို ကျွန်မ သိပ်ကို စိတ်ကုန်ပါပြီ မခနဲ့စမ်းပါနဲ့”
မောင်ရော ကျွန်မရော ငြိမ်သက်နေကြပြန်၏။ မောင့်မျက်နှာညိုနေတော့လည်း ကျွန်မ စိတ်မကောင်းပါကွယ် ။
မောင့်မှာ နေမကောင်းနေတာ ငါ ဒီလို မပြောသင့်ဘူး။
ကျွန်မက လှစိုးညွှန့် နှင့် မဌေး၀င်းအကြောင်း ၊ ၀င်းမြင့်ထွန်းနှင့် ခင်စန်း၀င်းအကြောင်းစုံစွာ ပြောပြနေမိသည်။ ထွန်းအောင်ကြည်နှင့် တွေ့သေးလားဟု မောင်က မေး၏။ ကိုယ့်အကြောင်း ပြောရသည်ထက် သူများ အကြောင်း ပြောရတာ စိတ်လက်ပေါ့ပါးပါသည်။
~•~•~•~•~•~
အခန်း ၉ (ဇာတ်သိမ်းပိုင်း) ဆက်ရန်>>>
