ရန်ကုန်မြို့တွင် တစ်ရက်တည်း အိမ်စီးယာဉ် (၂) စီး မီးလောင်မှုဖြစ်ပွား

နေပြည်တော်၊ ဒီဇင်ဘာ ၂၆

ရန်ကုန်မြို့တွင် တစ်ရက်တည်း အိမ်စီးယာဉ်(၂) စီး မီးလောင်မှုဖြစ်ပွားကြောင်း ဒေသခံလူမှုကူညီရေး အသင်းထံမှ သိရသည်။

ဒီဇင်ဘာလ ၂၅ ရက် ည ၉ နာရီ ၂ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မင်္ဂလာတောင်ညွှန့်ကြီးရပ်ကွက်၊ စက်ရုံလမ်းမ၊ (၁၅)ပေဂုံးတံတားပေါ်တွင် ယာဉ်မောင်းနေရင်း ရုတ်တစ်ရက် ကားအင်ဂျင်မှ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ မင်္ဂလာတောင်ညွှန့်မြို့န ယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ ပုဇွန်တောင်မြို့နယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် မီးငြိမ်းသတ်ရာ ၉ နာရီ ၅ မိနစ်အချိန်တွင် မီးငြိမ်းသတ်သွားကြောင်း သိရ သည်။

“ကားမောင်းနေရင်းနဲ့ အင်ဂျင်ပိုင်းက မီးလောင်သွားတာ။ ဘာချို့ယွင်းသွားလို့လည်းတော့ မသိဘူး။ လူတွေတော့ ဘာမှမဖြစ်ဘူး” လို့ ဖြစ်စဉ်နေရာသို့ သွားရောက်ခဲ့သည့် ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

အလားတူ ဒီဇင်ဘာလ ၂၅ ရက် နံနက် ၂ နာရီကျော်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းကုန်းတံတားပေါ်တွင် PRADO အိမ်စီးယာဉ်တစ်စီးလည်း မီးလောင်မှုဖြစ်ပွားခဲ့သည်။

Photo - Credit

#centralnewsnaypyitaw

imageimage
+5