16 w - Translate

ဆောင်းရာသီမှာ ဘေဘီလေးတို့ကျန်းမာစေမယ့် နည်းလမ်းများ ☃️❄️

အခုလို ဒီဇင်ဘာလရဲ့ မနက်ခင်းတွေဆို မြူတွေ အုံ့ဆိုင်းနေပြီး ဆောင်းရာသီကို တဖြည်းဖြည်းကူးပြောင်းလာနေပါပြီ... ❄️
အအေးပိုလာတော့မယ့်ဆောင်းရာသီလေးရဲ့ အစမှာ ပူပူနွေးနွေးရင်သွေးရတနာလေးတွေကို ရရှိပိုင်ဆိုင်ထားတဲ့ ဖေဖေ၊မေမေ တို့က နုနယ်ချစ်စဖွယ်ကလေးလေးကို ဂရုတစိုက်နွေးနွေးထွေးထွေးဖြစ်စေဖို့ နဲ့ ဖျားနာတာတွေ မဖြစ်စေဖို့အတွက် အရမ်းကို ဂရုတစိုက်လုပ်နေရတဲ့အချိန်ပေါ့..!

ဒီလိုအချိန်/ရာသီမှာ အခုလိုဆောင်ရန်ရှောင်ရန် အချက်လေးတွေ ကို လိုက်နာကြည့်ပါ.. ဖေဖေ၊မေမေတို့ရေ..😍

၁.အာဟာရပြည့်အောင်ကျွေးပါ..
နို့စို့အရွယ် ရင်သွေးဆိုရင်မိခင်က အာဟာရပြည့်ဝအောင်စားသုံးပြီး ကလေးကို နို့ကနေတဆင့် အာဟာရပြည့်အောင်လုပ်ဆောင်ပေးရန်နှင့် အစားစားနိုင်တဲ့ ကလေး ဆိုရင်တော့ အစာကြေလွယ်တဲ့ အာဟာရပြည့်ဝတဲ့Vitamin C ဓာတ်ပါတဲ့ အစားအသောက်တွေကိုကျွေးပေးပါ။

၂.ရေဓါတ်ပြည့်ဝအောင်ထားပါ..
ရေဓာတ်ပြည့်ဝနေမှုကလည်း ခန္ဓာကိုယ်ကျန်းမာစေတဲ့ အချက်တစ်ခုပါ။
အေးတဲ့ရာသီမှာ ရေသိပ်မသောက်ချင်တာမျိုးဖြစ်နိုင်တဲ့အတွက် သတိထားပြီး ကလေးငယ်လေးတွေကို ရေဝင်အောင်တိုက်ပေးပါ။

၃.ကလေးကို မချီခင် လက်အရင်ဆေးပါ..
မမြင်နိုင်တဲ့Bacteria တွေက လက်မှာအများဆုံးကပ်နေနိုင်တဲ့အတွက် ကလေးအနားကိုမသွားခင် လက်ကိုပြောင်စင်အောင်ဆေးကြောသင့်ပါတယ်။

၄.အိပ်ရာခင်း၊ခေါင်းအုံးစွပ်တွေမကြာခဏလျှော်ပါ..
အိပ်ရာခင်းနဲ့ခေါင်းအုံးစွပ်တွေကို နံမှ ဆိုတာထက် အနည်းဆုံး ၃ ရက်တစ်ကြိမ်လျှော်ဖွတ်ပေးကာမမြင်ရတဲ့ ပိုးမွှားတွေအန္တရာယ်ကနေ ကာကွယ်ဖို့ မီးပူတိုက်ပြီးမှ သုံးသင့်ပါတယ်။

၅.ကလေးကို အိပ်ရေးဝအောင်သိပ်ပါ..
ရင်သွေးကို တစ်နေ့အနည်းဆုံး ၁၀ နာရီကနေ ၁၁ နာရီအထိ အိပ်စက်ချိန်ရှိစေပြီး အိပ်ရေးဝနေတဲ့အခါကိုယ်ခံအားကောင်းတဲ့အတွက် ရာသီဥတုအအေးဒဏ်နဲ့ ပြင်ပရောဂါတွေကို ခုခံကာကွယ်နိုင်မှာပါ။

ဟုတ်ပါပြီ ..အခုလိုဖော်ပြပေးခဲ့တဲ့ အချက်လေးတွေကို ဖေဖေ၊မေမေတို့လဲ သိရှိလောက်ပြီဆိုတော့ ကျန်းမာပျော်ရွှင်ရောဂါကင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ...✌️

#babyfirsts
#frankiestories

image