16 ပတ် - ဘာသာပြန်ပါ။

Eden Lake (2008)
IMDb Rating – 6.7/10, Rotten Tomatoes – 80%
ခရမ်းချဉ်သီး အလုံးရှစ်ဆယ်ရထားတဲ့ Horror ကားဆိုတော့ တော်တော်ကောင်းတဲ့ကားလိုပြောရပါမယ်။ ကြည့်ပြီးတဲ့သူအနေနဲ့ ညွှန်းရရင်လည်း တော်တော်ကြည့်ကောင်းပါတယ်နော်။ မင်မင် ကြည့်ရသလောက်မဆိုးဘူးပြောရမယ် ဇာတ်လမ်းက ကြည့်ရင်းနဲ့ကြည့်နေတဲ့သူကိုပါ မွန်းကြပ်သွားစေနိုင်တဲ့ထိပါဘဲ။ အဆိုးဆုံးကတော့ ending ပိုင်းဘဲ ‘’ဂျင်းနီ’’ တယောက်လွှတ်မြှောက်ခါနီးမှာမှ မထင်မှတ်ထားသလိုမျိုးကြီးဖြစ်သွားရတာဟာ ကြည့်ရတဲ့သူအတွက် အတော်လေးစိတ်မပျက်စေမဲ့ကားမျိုးဖြစ်တဲ့အပြင် horror vibe အပြည့်ဝခံစားရမှာဖြစ်တဲ့အတွက်ကြည့်ဖြစ်အောင်ကြည့်ဖို့အကြံပေးချင်ပါတယ်နော်။
သရုပ်ဆောင်တွေကလည်း ရဲလိုးစတုန်းက အဓိကမင်းသမီး၊ ရှားလော့ဟုမ်းထဲက မေရီမော်စတန် Kelly Reilly, သူက ဒန်ဇယ်နဲ့ ဖလိုက်ခ်လည်းရိုက်ဖူးတယ်။ နောက် Michael Fassbender သူတော့ ပြောစရာမလိုလောက်ဘူး။ နောက် သိပ်မကြာသေးခင်ကပဲ SAS: Rogue Heroes မှာ Paddy အဖြစ် ပြန်ကမ်းဘက်ခဲ့တဲ့ ဂျက် အိုကော်နယ်။ သရုပ်ဆောင်တွေကတော့ အလန်းပါပဲ။ဇာတ်လမ်းတော့ လက်ထပ်ဖိုကြံနေတဲ့အတွဲရှိတယ်ဗျာ။ ကျောက်ကျင်းတစ်ခုကို ကောင်လေးက ခေါ်သွားတယ်။ ရေကန်လိုဖြစ်နေတာပေါ့။ ဘီကီနီနဲ့စကီက ရေထဲစိမ်လိုက် တက်လိုက် နေတာပေါ့။ ၁၂နှစ်သားကလေးတွေက မလှမ်းမကမ်းမှာ နှောင့်ယှက် ချောင်းကြည့် အကုန်လုပ်ပေါ့။ နောက်ကျ သူတိုကားသော့ပါယူပြေးရော။ ဒီလိုနဲ့ မိုက်ကယ်ကြီးက ကားသော့ပြန်ယူဖိုကြိုးစားရင်း ကတောက်ကဆတ်တွေဖြစ်လာတယ်။ ဒီနောက် ဘယ်လိုအသည်းထိတ်စရာတွေ ကြုံရမလဲကြည့်ရမှာပါ။
#horrormovie
#as

image