15 w - Translate

သဘာဝဘေးအန္တရာယ်ခံစားခဲ့ရသော ရပ်ရွာများအတွက် မြန်မာနိုင်ငံက ဆန်တန်ချိန် ၃,၅၀၀ လက်ခံရရှိ

မြန်မာနိုင်ငံရှိသဘာဝဘေးအန္တရာယ်ခံစားခဲ့ရသော ရပ်ရွာများအတွက် အာဆီယံ+3 အရေးပေါ် အရန်ဆန်ရိက္ခာ (APTERR) အစီအစဉ်အရ တောင်ကိုရီးယားနိုင်ငံနှင့် တရုတ်နိုင်ငံက ပံ့ပိုးကူညီသော ဆန်တန်ချိန် ၃,၅၀၀ လက်ခံရရှိခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊စပါးဌာနခွဲမှတာဝန်ရှိသူ ဦးယဉ်မင်းထွန်းက ပြောသည်။

မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် အရန်ဆန်သိုလှောင်ရေးနှင့် ဖြန့်ဖြူးရေးဆိုင်ရာ APTERR အစီအစဉ်တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိသည်။

ထိုပြင် မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ် APTERR အစီအစဉ်မှတစ်ဆင့် တောင်ကိုရီးယားနိုင်ငံနှင့် တရုတ်နိုင်ငံထံမှ လက်ခံရရှိခဲ့သော ဆန်တန်ချိန် ၃,၄၅၀ ကို ပြန်လည်ဖြန့်ဖြူးပေးဝေခဲ့ရာ လူပေါင်း ၃၄၀,၀၀၀ ကျော် အကျိုးကျေးဇူးရရှိခဲ့ကြောင်း သိရသည်။

NOM

image