၁၃၅ မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီး တပ်တော်ဝင်
ဒီဇင်ဘာ ၂၅
မြန်မာ့တပ်မတော်(ရေ)မှ တည်ဆောက်ပြီးစီးခဲ့သည့် ၁၃၅ မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီး အမည်ပေးခြင်းနှင့် ရေချ ပေးခြင်း တပ်တော်ဝင် အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်က သန်လျင်တပ်နယ်ရှိ ရေတပ်သင်္ဘော ကျင်းဌာနချုပ်၌ ကျင်းပခဲ့သည်။
တပ်မတော်(ရေ)၏ (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ၁၃၅ မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီးကို တပ်တော်ဝင် အခမ်းအနား ကျင်းပခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ၁၃၅ မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီးကို ၂၀၁၇ ခုနှစ်၊ မတ်လက စတင် တည်ဆောက်ခဲ့ပြီး ယခုအခါမှာတော့ “သာလွန်မင်း”ဟု အမည်ပေးခဲ့သည်။
ထိုရေယာဉ်ကြီးသည် အလျား ၁၃၅ မီတာ၊ အနံ ၁၄ ဒသမ ၅ မီတာ၊ အမြင့် ၉ မီတာ၊ ရေစူး ၄ ဒသမ ၁ မီတာ၊ ဝန်ပြည့်အလေးချိန် ၃၅၀၀ တန်ရှိပြီး အမြန်နှုန်း ၁ နာရီလျှင် ရေမိုင် ၃၀ အထိ မောင်းနှင်နိုင်ကြောင်း သိရသည်။
“သာလွန်မင်း” ဖရီဂိတ်စစ်ရေယာဥ်ကြီးသည် ၂၁ ရာစု ရေတပ်များ၏ ရည်မှန်းချက် တာဝန်များနှင့် စွမ်းရည်များကို ပိုင်ဆိုင်မည့် စစ်ရေယာဉ်ကြီးဖြစ်ပြီး မြန်မာ့ပင်လယ်ပြင်အတွင်း သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော ခြိမ်းခြောက်မှုများကို ရှေ့တန်းကျကျ ကာကွယ်တားဆီးတိုက်ပွဲဝင်နိုင်ခြင်း၊ ကင်းလှည့်ထောက်လှမ်းခြင်း၊ အကြမ်း ဖက် အဖွဲ့အစည်းများ၊ ကျူးလွန်မှုများကို တိုက်ဖျက်ခြင်းနှင့် ရေပြင်နယ်နိမိတ် ကာကွယ်ခြင်း၊ မိမိနိုင်ငံပိုင်နက်ပင် လယ်ပြင်ကို ထိန်းချုပ်ခြင်းနှင့် လူသားချင်းစာနာထောက်ထား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်စွမ်း ရှိကြောင်း နစက-က ထုတ်ပြန်ခဲ့သည်။
#centralnewsnaypyitaw


