16 w - Translate

လီဗာပူးနှင့် စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှုရသည့်သတင်း ဆာလာ ငြင်းဆို

လီဗာပူးနဲ့ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိပြီဆိုတဲ့သတင်းတွေကို တောင်ပံတိုက်စစ် ကစားသမား မိုဆာလာက ငြင်းဆိုသွားပါတယ်။

စပါးအသင်းကို ၆ ဂိုး ၃ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်အပြီးမှာ စာချုပ်သက်တမ်းတိုးတဲ့ကိစ္စအပေါ် ဆာလာက ပွင့်ပွင့်လင်းလင်း ဖြေကြားသွားခဲ့တာပါ။

အသင်းနဲ့ စာချုပ်သစ်ရေးထိုးဖို့ သဘောတူညီမှုရပြီလားဆိုတဲ့ မေးခွန်းအပေါ် ဆာလာက မဟုတ်မှန်ကြောင်း ပြန်လည်ဖြေကြားခဲ့တာပါ။

ဆာလာဟာ စပါးနဲ့ပွဲမှာ ၂ ဂိုးထပ်သွင်းခဲ့တာကြောင့် လီဗာပူးအသင်း သမိုင်းတလျှောက် စတုတ္ထမြောက် ဂိုးသွင်းအများဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။

အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဆာလာကို ပီအက်စ်ဂျီ အပါအဝင် ဆော်ဒီကလပ်တွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။
DVB

image