16 w - Translate

တရုတ်ကိုဆက်သွယ်နိုင်မည့်ရထားလမ်း ဗီယက်နမ် ဆောက်မည်
-------------------------
တရုတ်နိုင်ငံကို တိုက်ရိုက် ဆက်သွယ်နိုင်မယ့် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၆ ဘီလီယံတန်ဖိုးရှိ ရထားလမ်း ကြီး တည်ဆောက်တော့မှာဖြစ်ကြောင်း ဗီယက်နမ်ဝန်ကြီးချုပ်က ပြောကြားလိုက်တာကို Reuters သတင်းမှာ ဖော်ပြ ထားပါတယ်။

နောက်ဆုံးမှာ တရုတ်နဲ့ဆက်သွယ်နိုင်တော့မယ့် ရထားလမ်းကြီးကို လာမဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ စတင် ဖောက်လုပ်ဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။ လက်ရှိမှာ ဗီယက်နမ်ဝန်ကြီးချုပ်က မီးရထားလမ်း ဖောက် လုပ်မယ့်နေရာကို သေချာစစ်ဆေးကြည့်ရှုနေတာဖြစ်ပါတယ်။

အသစ်ဆောက်လုပ်မယ့် ရထားလမ်းက ၄၁၇ ကီလိုမီတာ ရှည်လျားမှာဖြစ်ပြီး နောင်အနာဂတ်မှာ တရုတ်နိုင်ငံနဲ့ ရထားလမ်း ချိတ်ဆက်မှုကိုလည်း လွယ်ကူချောမွေ့စေမှာဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။ ဗီယက်နမ် အစိုးရ အနေနဲ့ စီမံကိန်းအတွက် ရင်းနှီး မြှုပ်နှံမှုမူဝါဒကို ထည့်သွင်းစဉ်းစားပြီး လာမယ့် ၂၀၂၅ ခုနှစ်အတွင်းမှာ အပြီးသတ် အကောင်အထည်ဖော်နိုင်ဖို့အတွက် ဆောင်ရွက်နေတာဖြစ်ပါတယ်။

imageimage