Khine Su Zin shared a post  
16 w

16 w

ခေါင်းကိုက်ခြင်းအမျိုးအစားများ
ခေါင်းကိုက်ခြင်းဝေဒနာသည် လူအများစုတွင် ကျန်းမာရေးပြဿနာတစ်ရပ်အဖြစ်တည်ရှိသည်။
ခေါင်းကိုက်ခြင်းသည် အခံရဆိုးသော ဝေဒနာတစ်ရပ်ဖြစ်ပြီး လူတိုင်း ခေါင်းကိုက်ခြင်းဝေဒနာကို ခံစားဖူးကြသည်။ ခေါင်းကိုက်ခြင်းကို ဦးခေါင်းတွင် မအီမသာခံစားရမှု သို့မဟုတ် နာကျင်မှုဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါသည်။
စိတ်ခံစားမှု တင်းကျပ်ခြင်း၊
ခေါင်းတစ်ခြမ်းကိုက်ခြင်း၊
စိတ်ခံစားမှုမကြည်လင်ခြင်း၊
လည်ပင်းနှင့်ပတ်သက်သည့် ကျောရိုးဆစ်ယိုယွင်းခြင်း၊
ဒဏ်ရာရပြီးနောက် ခေါင်းအုံခြင်း
စသည်တို့သည် ကွဲပြားသော ခေါင်းကိုက်ခြင်းအချို့ဖြစ်သည်။
အချို့သော ကိစ္စရပ်များတွင် ခေါင်းကိုက်ခြင်းသည် ပြင်းထန်သော ရောဂါဝေဒနာတို့ကြောင့် ဖြစ်နိုင်သည်။
ဥပမာအားဖြင့် ဦးနှောက် ပတ်ဝန်းကျင် လဟာပြင်တွင် သွေးယိုခြင်း၊
ဖျားနာခြင်း၊
ဦးနှောက်တွင် ဖိအားပိုမိုများလာခြင်း၊
ပြင်းထန်စွာ သွေးတိုးခြင်းနှင့်
အချို့သွေးလွှတ်ကြောများ ရောင်ရမ်းခြင်းတို့ကြောင့် ဖြစ်သည်။
သတိပြုစရာအချက်တစ်ခုမှာ ခေါင်းကိုက်ခြင်းတို့၏
၁ ရာခိုင်နှုန်းသာလျှင် ပြင်းထန်ကြောင်း သတိပြုရန်ဖြစ်သည်။
ခေါင်းကိုက်ခြင်း အမျိုးအစားများ
====================
ရိုးရိုးခေါင်းကိုက်ခြင်း အမျိုးအစားများတွင်
စိတ်တင်းကျပ်ခြင်း၊
ခေါင်းတစ်ခြမ်းကိုက်ခြင်း၊
ခေါင်းအုံခြင်း၊
ဒဏ်ရာအနာတရဖြစ်ခြင်း စသည်တို့ ပါဝင်သည်။
ခေါင်းကိုက်ခြင်းသည် ပြင်းထန်သော ရောဂါဝေဒနာများကြောင့် မဟုတ်ဘဲ
ဆင့်ပွားခေါင်းကိုက်ခြင်းကသာ အခြားရောဂါများကြောင့် ဖြစ်ရသည်ဟု ဆိုပါတယ်။
အဖြစ်အများဆုံး အခြေခံခေါင်းကိုက်ရောဂါက
(Tension Headache) စိတ်ပူပန်မှုကြောင့် ခေါင်းကိုက်ခြင်းသာဖြစ်သည်။
ယင်းကို နောက်ကြောတက် ခေါင်းကိုက်ခြင်းဟုလည်း ခေါ်သည်။
ထိုခေါင်းကိုက်ရောဂါက ယောက်ျားများထက် မိန်းမများတွင် ပိုဖြစ်တတ်သည်။
ဒုတိယအဖြစ်အများဆုံး
ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraine) အမျိုးအစားကို
လူဦးရေ၏ ၁၂ ရာခိုင်နှုန်းထိ ခံစားနေရသည်။
လူကြီးပိုင်းတွင် ယောက်ျားတွေထက် မိန်းမများတွင် ပိုအဖြစ်များသည်။
ရှားရှားပါးပါး ခေါင်းကိုက်ရောဂါတစ်ခုက
(Cluster Headache) ဖြစ်သည်။
ပဒေသာ ခေါင်းကိုက်ဝေဒနာဟု ပြောဆိုနိုင်သည်။ အုပ်စုလိုက်လာတတ်သည်။
လနှင့်ချီ၍ကြာသည်။ တစ်နေ့ကို မိနစ် ၃၀ ကနေ ၁ နာရီထိ တစ်ကြိမ် နှစ်ကြိမ်ကိုက်သည်။
အလွန်နာကျင်စူးရှသည့်ဝေဒနာ ခံစားရသည်။
ထုံးစံအားဖြင့် ခေါင်းကိုက်ခြင်းက မျက်စိတစ်ဖက်ပတ်လည်မှာ ဖြစ်သည်။
ကိုက်ခဲသောအခါ မျက်လုံးက နီရဲပြီး မျက်ရည်များ စိုရွှဲနေတတ်သည်။
နေမထိ ထိုင်မသာ ခံစားရပြီး ကိုယ့်ခေါင်းကို နံရံဖြင့်ဆောင့်တတ်သည်။
လူဦးရေ၏ ဝ ဒသမ ၁ ရာခိုင်နှုန်းသာ ဤရောဂါ ဖြစ်တတ်သည်။
စိတ်ပင်ပန်းမှုကြောင့် ခေါင်းကိုက်ခြင်း (Tension Headache) ဝေဒနာသည်
ခေါင်းနောက်ဘက်မှာ သို့မဟုတ် လည်ပင်းအပေါ်ပိုင်းမှာ စ ဖြစ်သည်။
တင်းကျပ်သည့် ဖိအားကို ခံစားရသည်။ သိပ်ကျပ်သည့် ဦးထုပ်ကို ဆောင်းထားသကဲ့သို့ဖြစ်သည်။
အထူးသဖြင့် မျက်ခုံးပေါ်က ခံစားရသည်။ နာကျင်မှုက မပြင်းထန်ပါ။
ခေါင်းနှစ်ဖက်ခြမ်းစလုံး ခံစားရသည်။ ခေါင်းကိုက်နေသော်လည်း ပုံမှန်အလုပ်ကိုမူ လုပ်နိုင်သည်။
ပါရာစီတမော သို့မဟုတ် အက်စ်ပရင်လို အကိုက်အခဲပျောက်ဆေး နည်းနည်းသောက်ရုံဖြင့် ပျောက်ကင်းနိုင်ပါသည်။
ခေါင်းတစ်ခြမ်းကိုက်ခြင်း (Migraine) က နာတာရှည်ရောဂါဖြစ်သည်။
ပြန်ပြန်ပေါ်လာတတ်ပြီး နားထင်က အကိုက်များသည်။
လမ်းလျှောက်ခြင်းလို နေ့စဉ်လှုပ်ရှားမှုများက ရောဂါကို ပိုဆိုးရွားစေသည်။
အန်ခြင်း၊ ဝမ်းလျှောဝမ်းပျက်ခြင်း၊ ခြေဖျားလက်ဖျား အေးခြင်းနှင့် ဆက်စပ်နေသည်။
အလင်းနှင့်အသံကိုလည်း ခံနိုင်စွမ်းမရှိချေ။ ဖြစ်ပြီးဆိုလျှင် ၄ နာရီကနေ ၇၂ နာရီထိ ကြာတတ်သည်။
တိတ်ဆိတ်မှောင်မည်းသည့် အခန်းထဲတွင် လဲလျောင်းနေဖို့ လိုအပ်သည်။
Triptans ဆေးတွေက ခေါင်းတစ်ခြမ်းကိုက်ရောဂါကို ရပ်တန့်စေသည်။
Ergots ဆေးကိုလည်း သုံးဆောင်နိုင်သည်။ ဘေးထွက်ဆိုးကျိုးက များသည်။
ခေါင်းတစ်ခြမ်းကိုက်ရောဂါမဖြစ်အောင် ကာကွယ်ရေးနှင့် ပတ်သက်ပြီး
ဤရောဂါဖြစ်စေနိုင်သည့် အချက်များကို နားလည်ပြီး ယင်းတို့ကို ရှောင်ရှားဖို့ လိုအပ်သည်။
စိတ်ဖိစီးမှု၊
အိပ်ရေးမဝခြင်း၊
တောက်ပသော အလင်းရောင်
သို့မဟုတ် မှိတ်တုတ် မှိတ်တုတ် အလင်းရောင်၊
အရက်၊ ဒိန်ခဲ၊ ကော်ဖီ စသည်တို့ကြောင့်
ခေါင်းတစ်ခြမ်းကိုက်ရောဂါ အများစု ဖြစ်တတ်သည်။
ခေါင်းကိုက်ခြင်းဖြစ်သူများအနက် ၈၃ ရာခိုင်နှုန်းသည် ဆေးဝါးများကို သောက်သုံးကြသည်။
မည်သို့ပင်ဆိုစေ ခေါင်းတစ်ခြမ်းကိုက်သူ ၅၅ ရာခိုင်နှုန်းနှင့် စိတ်တင်းကျပ်ခြင်းကြောင့်
နောက်ကြောတက် ခေါင်းကိုက်သူ ၁၆ ရာခိုင်နှုန်းသာလျှင် ဆရာဝန်များနှင့် ဆေးဝါးကုသမှု ခံယူကြသည်။
ဆရာဝန်၏ လမ်းညွှန်ချက်များမရှိဘဲ ဆေးဝါးသောက်သုံးခြင်းသည် မှားယွင်းသော ဆေးကုသမှုဆီသို့ ဦးတည်ရောက်ရှိသွားနိုင်သည်။ ယင်းသို့ လွဲမှားစွာ ဆေးဝါးသုံးစွဲခြင်းကြောင့်
ဆေးအပေါ်တွင် ပို၍ အားကိုးစေပြီး ခေါင်းကိုက်ခြင်းသည်လည်း မကြာခဏ ပို၍ဖြစ်ပေါ်စေသည်။
သင်၏ ခေါင်းကိုက်ခြင်းကို ဆေးဝါးသုံးစွဲခြင်းမရှိဘဲ ကုစားနိုင်သည့် ရိုးရိုးနည်းများစွာရှိသည်။
သို့ဖြစ်၍ ခေါင်းကိုက်ခြင်း အမျိုးအစားကို နားလည်ရန် အရေးကြီးသဖြင့် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
ခေါင်းကိုက်ခြင်းကို ထိန်းချုပ်နိုင်သည့် နည်းလမ်းများကို ရှာဖွေသင့်ပါသည်။
Credit:
#ကျန်းမာရေးဆိုင်ရာဗဟုသုတများ

image